တင်သွင်းအစားအသောက် အမှတ်တံဆိပ်တွင် ထပ်ဆောင်းဖြည့်စွက်ဖော်ပြ ရာ၌ စတစ်ကာ ကပ်နှိပ်ဖော်ပြခြင်းကို ခွင့်မပြု

ပြည်ပမှ အသင့်ထုပ်ပိုးထားသော အစားအသောက်များ တင်သွင်းသည့် လုပ်ငန်းများအနေဖြင့် တင်သွင်း အစားအသောက်၏ အမှတ်တံဆိပ်တွင် ထပ်ဆောင်းဖြည့်စွက်ဖော်ပြရာ၌ စတစ်ကာ ကပ်နှိပ်ဖော်ပြခွင့်ပြုမည် မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDA က ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်။

တင်သွင်းအစားအသောက်၏ အမှတ်တံဆိပ်သည် စားသုံးသူများ ဖတ်ရူနားလည်လက်ခံနိုင်သည့် ဘာသာစကား သို့မဟုတ် မြန်မာဘာသာစကားဖြင့် ဖော်ပြထားခြင်းမရှိ၍ အမှတ်တံဆိပ်တွင် မဖြစ်မနေ ဖော်ပြရမည့် အချက်အလက်များကို လိုအပ်သော ဘာသာစကားဖြင့် ထပ်ဆောင်းဖြည့်စွက်ဖော်ပြရာတွင် စတစ်ကာ ကပ်နှိပ်ဖော်ပြခွင့်ပြုမည်မဟုတ်ကြောင်း FDA က ထုတ်ပြန်ချက်တွင် ညွှန်ကြားထားသည်။

မြန်မာနိုင်ငံအတွင်းရှိ အသင့်ထုပ်ပိုးထားသော စားသောက်ကုန်အမှတ်တံဆိပ်များတွင် စားသောက်ကုန်သတ်မှတ်နံပါတ် (Food Product Code) ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရန် လည်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က မတ်လ ၄ ရက်နေ့တွင် ညွှန်ကြားထားသည်။

image