ဧရာဝတီတစ်ဝန်း နေကြာလွှမ်းစေဖို့ ဖြစ်ထွန်းအောင်မြင်သ ည့် နေရာများတွင် အထွက်ကောင်းမျိုးများကို အသုံးပြု၍ တိုးချဲ့စိုက်ပျိုးကြရန် လိုအပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာတွင် ပြုလုပ်သည့် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ နွေစပါးကန်သင်းဘောင်ပေါ်တွင် ကျ င်းစနစ်ဖြင့် စိုက်ပျိုးသော နေကြာရိတ်သိမ်းပွဲနှင့် နွေစပါးနယူးဧရာ(၁၁)ရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသ ည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က"တောင်သူလယ်သမားနေ့တွင် တိုင်းဒေသကြီးဆီဖူလုံရေးအတွက် “ ဧရာဝတီတစ်ဝှမ်း နေကြာလွှမ်းရမည်" ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ရလဒ်များကို အကောင်အထည် ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီး၏ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွ က်နှုန်းရောက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း(၄)သွယ်ကို အခြေခံ ဆောင်ရွက်လျက်ရှိပြီး ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲပုပ်များအား ဖြစ် ထွန်းအောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို နှစ်အလိုက် ပိုမို တိုးချဲ့ စိုက်ပျိုးသွားရမည်ဖြစ်ရာ နွေစပါး ကန်သင်းဘောင် ပေါ်တွင် ကျင်းစနစ်ဖြင့် စိုက်ပျိုးခြင်းကို ဧရာဝတီတစ်ဝန်း နေ ကြာ လွှမ်းစေဖို့ နေကြာဖြစ်ထွန်းအောင်မြင်သည့် နေရာများတွင် အထွက်ကောင်းမျိုးများကို အသုံးပြု၍ တိုးချဲ့စိုက်ပျိုးကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြား သည်။

image