ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးမြို့များ၌ တစ်ပြိုင်နက်စတင်အသုံးပြုမည့် Fuel Control System စနစ်အသုံးပြုနည်းသင်တန်းကို တောင်ကြီးမြို့တွင်ဖွင့်လှစ်
ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ပြိုင်နက်စတင်အ သုံးပြုမည့် Fuel Control System စနစ်အသုံးပြုနည်းသင်တန်းကို မတ် ၁၁ ရက်က တောင်ကြီးမြို့တွင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ စနစ်ကိုအသုံးပြုခြင်းဖြင့် ယာဉ်အမှတ်များအား စုံ/မ စနစ်အတိုင်း QR စနစ်ဖြင့်ရောင်းချမည့်အစီ အစဉ်ကိုဆောင်ရွက်သွားနိုင်မည်ဖြစ်ကာ သင်တန်းအား ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စက်သုံးဆီအရောင်းဆိုင်များမှ ဝန်ထမ်း(၇၀)ဦးခန့်တက်ရောက်သင်ကြားခဲ့ကြသည်။
သင်တန်းကို စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ် ဆေးရေးအရာရှိရုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရုံးမှ စက်သုံးဆီများအလေအလွင့်မရှိအောင်ထိန်းချုပ်နိုင်ရန်နှင့် လိုအပ်ချိန်၌ စက်သုံးဆီများလွယ်ကူလျင်မြန်စွာ ဖြည့်တင်းနိုင်ရန်အတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ် သည်။