7 ပတ် - ဘာသာပြန်ပါ။

တပ်မတော်(လေ)၏ လေယာဥ်၊ ရဟတ်ယာဥ်များတပ်တော်ဝင်

မြန်မာ့တပ်မတော်(လေ)၏ လေကြောင်းစွမ်းပကားမြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာ၌များတပ်တော်ဝင်ခြင်းကို ယနေ့ မတ် ၁၂ ရက်နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်တွင်ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။

ထိုသို့ တက်ရောက်ပြီးနောက် အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုး စီးပွားကို ထိရောက်အောင်မြင်စွာကာကွယ်စောင့် ရှောက်နိုင်ရန်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များကို အင်အားတောင့်တင်းပြီး စွမ်းရည်ပြည့်ဝထက်မြက်နေအောင် အစဉ်တည်ဆောက်ထိန်းသိမ်းနေရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များတပ်တော်ဝင်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်(၄)စီးက အမျိုးအစားမတူညီသည့် Composite Formation အုပ်ဖွဲ့၊ အမျိုးအစားမတူညီသည့် ရဟတ်ယာဉ်(၅)စီးက Composite Formation အုပ်ဖွဲ့၊ ကင်းထောက်လေယာဉ်(၁)စီးနှင့် အပေါ့စားရဟတ်ယာဉ်(၂)စီးတို့က Composite Formation တို့ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပျံသန်းအလေးပြုခဲ့ကြသည်။

ထို့ပြင် အမောင်းသင်လေယာဉ်(၅)စီးက Kite Formation အုပ်ဖွဲ့ပုံစံ၊ အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ်(၁)စီးနှင့် တိုက်လေယာဉ်(၂စီးတို့က Composite Formation ပုံစံ၊ တိုက်လေယာဉ်(၃)စီးက Arrow Head Formation ပုံစံဖြင့်အုပ်ဖွဲ့ပျံသန်းပြီး တိုက်လေယာဉ်(၁)စီးက Barrel Roll Maneuver ဖြင့် သရုပ်ပြကာ အလတ်စားသယ်ယူပို့ဆောင်ရေးလေ ယာဉ်(၁)စီးနှင့် ဘက်စုံသုံးတိုက်လေယာဉ်(၂)စီးတို့က Composite Formation ၊ တိုက်လေယာဉ်(၃)စီးက Arrow Head Formation ပုံစံ၊ ဘက်စုံသုံးတိုက်လေ ယာဉ်(၃)စီးတို့က Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းအလေးပြုခဲ့ကြသည်။

ထို့အတူ တိုက်လေယာဉ်(၃)စီးတို့က ရှုရပ်၏ရှေ့တည့်တည့်မှ ပျံသန်းဝင်ရောက်ကာ တပ်မတော်(လေ)အလံကိုယ်စားပြု အဝါရောင်၊ အဖြူရောင်နှင့် အပြာရောင် မီးခိုးများထုတ်လွှတ်ပြီး Cross Turn Maneuver ဖြင့် ပျံသန်းကာ တိုက်လေယာဉ်(၁)စီးနှင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစား ဂျက်တိုက်လေယာဉ်(၁)စီးတို့က Composite Formation ဖြင့်ပျံသန်းပြီး မီးကျည်များပစ်လွှတ်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပျံသန်းအလေးပြုခဲ့ကြသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင်ပါဝင်သော လေသူရဲများအားဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

image