1 ပတ် - ဘာသာပြန်ပါ။

ယခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့်ရိုးရာသင်္ကြန် ကျင်းပနိုင်ရန်ရည်ရွယ်ထား

ယခုနှစ် ၂၀၂၆ ခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့်ရိုးရာသင်္ကြန်ကျင်းပနိုင်ရန်ရည်ရွယ်ထားသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ယနေ့ မတ် ၁၂ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၂၆)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခင်နှစ် ၂၀၂၅ ခုနှစ် သင်္ကြန်ပွဲတော်ကို သဘာဝဘေးဒဏ်ကြောင့် သာမာန်မျှသာဖြတ်သန်းခဲ့ရ၍ ယခုနှစ် ၂၀၂၆ ခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့်ရိုးရာသင်္ကြန်ကျင်းပနိုင်ရန်ရည်ရွယ်ထားသည်ဟု ပြောသည်။

" အခုချိန်မှာ အခြေအနေအချိန်အခါနဲ့ကိုက်ညီတဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို ဦးစားပေးစီစဉ်ဆောင် ရွက်ပါမယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပြောသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်နေသည့် အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ ပဋိပက္ခကြောင့် ကမ္ဘာ့လောင် စာဆီအကျပ်အတည်းကာလကိုကျော်လွှားနိုင်ရန် စက်သုံးဆီချွေတာသုံးစွဲရေးအတွက် နိုင်ငံတော်အစိုးရမှ ပြည်သူသို့အသိပေးကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ပြောသည်။

ယင်းထုတ်ပြန်ချက်နှင့်အညီ စည်းကမ်းတကျဖြစ်စေရန် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ကူညီကြပ်မတ်ဆောင်ရွက်ပေးရမည်ဖြစ်ကာ ပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည်ကိုတွေ့ရှိရသည်ဟု ပြောသည်။

ထို့ပြင် မတ် ၁၃ ရက်နှင့် မတ် ၁၄ ရက်တို့၌ ရွေးကောက်ခံကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေးကဏ္ဍများတွင် အမြင်ကျယ်ကျယ်ရှုမြင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အတွေးအမြင်သစ်၊ အခင်းအကျင်းသစ်တို့ဖြင့် ကြိုတင်သိမြင်ပြီး နိုင်ငံအကျိုး ပိုမိုထိရောက်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့ မျက်နှာစာသစ်ဖိုရမ် ကျင်းပမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ကြောကြားခဲ့သည်။

ပုံစာ- ၁၃၈၅ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည့် မြင်ကွင်းပုံရိပ်များ။

image