1 ပတ် - ဘာသာပြန်ပါ။

စစ်ဆင်ရေးကာလ(၁)လကျော်အတွင်း တကောင်းမြို့အား တပ်မတော်ကပြန်လည်သိမ်းပိုက်

တပ်မတော်မှ အကြမ်းဖက်အဖွဲ့ဝင်များ ယာယီဝင်ရောက်နေရာယူထားသည့် မန္တလေးတိုင်း၊ တကောင်းမြို့အား စစ်ဆင်ရေးကာလ(၁)လကျော်ဆောင်ရွက်ပြီးနောက် ယနေ့ မတ် ၁၂ ရက်တွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တကောင်းမြို့အား ပြန်လည်ထိန်းချုပ်ရန် တပ်မတော်မှ ဖေဖော်ဝါရီ ၆ ရက်မှစတင်၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက်တွင် သပိတ်ကျင်းမြို့နယ်ရှိ ရေချမ်းစဉ်ကျေးရွာ၊ ဖေဖော်ဝါ ရီ ၁၅ ရက်တွင် ရှားတောကျေးရွာ၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဗနွဲ့ကျေးရွာ၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဒေါင်းပုန်း ကျေးရွာ၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရွှေကျွန်းပင်ကျေး ရွာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပေါက်တပင်ကျေးရွာတို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် သီးကုန်းကျေးရွာ၊ ဖေ ဖော်ဝါရီ ၂၅ ရက်တွင် ဝါးရုံးကုန်းကျေးရွာ၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရွှေစကာကျေးရွာ၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် မြင်သာကျေးရွာနှင့် ကြာညှပ်ကျေးရွာ၊ ဖေဖော်ဝါ ရီ ၂၈ ရက်တွင် ကိုးပင်ကျေးရွာနှင့် ပုတီးဖြူကျေးရွာ၊ မတ် ၂ ရက်တွင် မင်းကုန်းကျေးရွာ၊ မတ် ၄ ရက်တွင် ဆယ်ဇင်းကုန်းကျေးရွာ၊ မတ် ၅ ရက်တွင် လက်ပန့်ကုန်းကျေးရွာ၊ မတ် ၇ ရက်တွင် ရေယာဉ်ကျေးရွာ၊ မတ် ၈ ရက်တွင် ဝဲကြီးကျေးရွာနှင့် ပေါ်တော်မူကျေးရွာ၊ မတ် ၉ ရက်တွင် မန်ကျည်းကုန်းကျေးရွာနှင့်ဆင်ညှပ်ကုန်းကျေးရွာ၊ မတ် ၁၀ ရက်တွင် တကောင်းလမ်းဆုံနှင့် ညောင်လေးပင်ကျေးရွာ၊ ယနေ့ မတ် ၁၂ ရက်တွင် တ ကောင်းမြို့အားပြန်လည်သိမ်းပိုက်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် စစ်ဆင်ရေးကာလ(၁)လကျော် အတွင်း အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ် (၈၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များထံမှ လက်နက်မျိုးစုံ(၄၀)လက်၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမားရုပ်အလေ-ာင်းများနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင်အသုံးပြုသည့် ဖောက် ခွဲရေးဆက်စပ်ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်၌ လုံခြုံရေးအဖွဲ့ဝင်များမှ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက်ဆောင်ရွက်လျက်ရှိကာ တကောင်းမြို့မှ နေရပ်စွန့်ခွာဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် ပျ-က်စီးခဲ့သည့် အပျ-က်အစီးများအားဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image