ဂျာမေကာကလပ်မှ ကစားသမား ၁၀ ဦး အမေရိကန်ပြည်ဝင်ခွင့်မရ
====================
ဂျာမေကာကလပ် Mount Pleasant မှ ကစားသမား ၁၀ ဦးတို့ဟာ ယနေ့တွင် အယ်အေဂလက်ဆီနှင့် ကစားမယ့် Concacaf Champions Cup ပွဲအတွက် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာငြင်းဆိုခြင်းခံလာရပါတယ်။

2025 Concacaf Caribbean Cup ချန်ပီယံ Mount Pleasant ဟာ Concacaf Champions Cup အဖွင့်ပွဲအဖြစ် ကယ်လီဖိုးနီးယားရှိ Dignity Health Sports Park ကွင်းတွင် ဂလက်ဆီနှင့် ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဂျာမေကာကလပ်ဟာ ကစားသမားအမြောက်အမြားတို့ အမေရိကန်ပြည်ဝင်ခွင့် မရရှိမှုနှင့်အတူ ဒီပွဲအတွက် အကယ်ဒမီကစားသမားအမြောက်အမြားကို အစားထိုး ရွေးချယ်လာရပါတယ်။

Mount Pleasant အသင်းတွင် ကာရေဘီယံကျွန်းဆွယ်နိုင်ငံ ဟေတီလက်ရွေးစင်ကစားသမား ၇ ဦးအထိ ပါဝင်ပါတယ်။

ဟေတီဟာ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး အမေရိကန်သို့ ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းခံထားရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဟေတီဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပါတယ်။

ယခုကဲ့သို့ Mount Pleasant မှ ဟေတီကစားသမားတို့ အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ခံလာရရာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဟေတီအသင်းအတွက် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာရရှိရေး ခက်ခဲလာမယ့် အခြေအနေမှာ ရှိနေပါတယ်။

ဟေတီဟာ သမိုင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပြီး မော်ရိုကို၊ စကော့တလန်၊ ဘရာဇီးတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့ဖလားပွဲ ၁၀၆ ပွဲမှ ၇၈ ပွဲအား မြို့ကြီး ၁၁ မြို့တွင် လက်ခံကျင်းပလာမှာလည်း ဖြစ်ပါတယ်။

image