3 ရက် - ဘာသာပြန်ပါ။

ဂေါက်ကလပ်တွင် မျက်လုံးအမြင်ဆုံးရှုံးရနိုင်တဲ့အထိ တိုက်ခိုက်မှု ပြုလုပ်မှုအတွက် အာမခံမရလာတဲ့ ဘောလုံးလူဆိုးဂျိုယေးဘာတန်
==================
ဘောလုံးကစားသမားဟောင်းဂျိုယေးဘာတန်ဟာ လူတစ်ဦးကို မျက်လုံးတစ်ဖက်အမြင်ဆုံးရှုံးရနိုင်တဲ့အထိ ဒဏ်ရာအနာတရဖြစ်အောင် တိုက်ခိုက်မှုကြောင့် အာမခံ ရရှိလာခြင်း မရှိပါဘူး။

အသက် ၄၃ နှစ်ရှိ ဘာတန်နှင့် အသက် ၅၀ နှစ်ရှိ ဂယ်ရီအိုဂရာဒီတို့ဟာ အပျော်တမ်းလိဂ်မန်နေဂျာဟောင်းကီဗင်လင့်ချ်ကို ဒဏ်ရာအနာတရဖြစ်အောင် တိုက်ခိုက်မှုဖြင့် အမှုဖွင့်လှစ်ခြင်းခံထားရပါတယ်။

မာဆေးဆိုက်ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်အရ တနင်္ဂနွေနေ့ ည ၉ နာရီအချိန်တွင် ဟေတန်နှင့် ပရီစကော့ဂေါက်ကလပ်တွင် လူတစ်ဦး ဒဏ်ရာအနာတရဖြစ်အောင် တိုက်ခိုက်ခြင်းခံထားရကြောင်း သတင်းပေးခြင်းခံခဲ့ရကြောင်း သိရပါတယ်။

ဘာတန်ဟာ ယင်းတိုက်ခိုက်မှုအတွက် ဖမ်းဆီးခြင်းခံရပြီးနောက် အာမခံလျှောက်ထားခဲ့ပေမယ့်လည်း လီဗာပူးတရားရုံးက ငြင်းဆိုလိုက်မှုနှင့်အတူ အချုပ်ခန်းထဲမှ အမှုရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

အိုဂရာဒီမှာ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့်လည်း ဂေါက်ကလပ်သို့ သွားရောက်ခွင့် ပိတ်ပင်ခြင်းခံထားရသလို နစ်နာသူနှင့် ဆက်သွယ်ခြင်း၊ မျက်မြင်သက်သေများနှင့် ဆက်သွယ်ခွင့်ပိတ်ပင်ခြင်းခံထားရပါတယ်။

ဘာတန်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ လင့်ချ်မှာ ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူနေရပြီး မျက်လုံးအမြင် ဆုံးရှုံးရနိုင်တဲ့ ဒဏ်ရာရရှိထားကြောင်း သိရပါတယ်။

ဘာတန်နှင့် အိုဂရာဒီတို့ဟာ ဧပြီလ ၇ ရက်နေ့တွင် လီဗာပူးခရောင်းတရားရုံးတွင် အမှုစစ်ဆေးခြင်းခံရပါမယ်။

ဘာတန်ဟာ မန်စီးတီး၊ နယူးကာဆယ်။ ကျူပီအာ၊ ဘန်လေ၊ ရိန်းဂျားတို့တွင် ကစားခဲ့သူ ဖြစ်ပြီး ကစားသမားဘဝတုန်းက ဘောလုံးလူဆိုးတစ်ဦးအဖြစ် နာမည်ကြီးခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်လုပ်ကိုင်နေပါတယ်။

image