အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝမှ အနားယူလာတဲ့ ကိုင်လီဝေါလ်ကား
====================
ဝါရင့်အင်္ဂလန်နောက်ခံလူကိုင်လီဝေါလ်ကားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် လအနည်းငယ်သာ လိုအပ်တော့တဲ့အချိန်တွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူလာပါတယ်။

အသက် ၃၅ နှစ်ရှိ ဘန်လေနောက်တန်းအစွန်လူဟာ အင်္ဂလန်အတွက် ၉၆ ပွဲကစားထားကာ နိုင်ငံတကာပြိုင်ပွဲကြီး ၅ ရပ်ယှဉ်ပြိုင်ထားခဲ့သူလည်း ဖြစ်ပါတယ်။

ဝေါလ်ကားအတွက် နောက်ဆုံးအကြိမ် အင်္ဂလန်အတွက် ကစားခွင့်ရခဲ့တာ ၂၀၂၅ ခုနှစ် ဇွန်လတုန်းက City Ground တွင် ဆီနီဂေါနှင့် ကစားတဲ့ ခြေစမ်းပွဲစဉ်မှာ ဖြစ်ပါတယ်။

ဝေါလ်ကားက "ဒီဆုံးဖြတ်ချက် ချရလို့ စိတ်မကောင်း ဖြစ်ရတယ်။ ဒါပေမယ့် အင်္ဂလန်အတူ ရခဲ့တဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူတယ်။ ဒီကနေ့က အဆုံးသတ်ရမယ့် အချိန်ရောက်လာပြီ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ဝေါလ်ကားဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတုန်းက စပိန်နှင့်ပွဲအတွက် အင်္ဂလန်အတွက် ပထမဆုံးပွဲ ကစားခဲ့တာ ဖြစ်ပြီး ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား၊ ယူရို ၂၀၁၆၊ ၂၀၂၁ နှင့် ၂၀၂၄ တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

သူဟာ အင်္ဂလန်အသင်း ဗိုလ်လုပွဲသို့အထိ တက်ရောက်ခဲ့တဲ့ ယူရို ၂၀၂၁ နှင့် ယူရို ၂၀၂၄ ပြိုင်ပွဲတို့တွင် အရေးပါတဲ့ ကစားသမားအဖြစ် ကစားခဲ့သူ ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်ရပ်လုံးတွင် အကောင်းဆုံအသင်းတွင် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ သောမတ်စ်တူချယ်လက်အောက်တွင် အင်္ဂလန်အသင်းတွင် ရွေးချယ်ခံရမှု နည်းပါးလာမှုနှင့်အတူ အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

image