3 ရက် - ဘာသာပြန်ပါ။

ဘရာဇီးချန်ပီယံရှစ်တွင် တာထွက်ကောင်းနေပေမယ့် ဆာအိုပေါ်လိုနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံလာရတဲ့ ချဲလ်ဆီးနှင့် အင်တာတိုက်စစ်မှူးဟောင်းခရက်စပို
===================
ဆာအိုပေါ်လိုဟာ ယခုရာသီ ဘရာဇီးချန်ပီယံရှစ်တွင် တာထွက်ကောင်းနေပေမယ့်လည်း နည်းပြဟာနန်ခရက်စပိုနှင့် လမ်းခွဲလာပါတယ်။

ချဲလ်ဆီးနှင့် အင်တာမီလန်တိုက်စစ်မှူးဟောင်းဟာ တနင်္လာနေ့တုန်းက ဘာရာဖန်ဒါလေ့ကျင့်ရေးကွင်းတွင် ကလပ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လမ်းခွဲရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

ဆာအိုပေါ်လိုအသင်းတာဝန်ရှိသူများဟာ ရာသီသစ်အစောပိုင်းတွင် ပြည်တွင်းပွဲရလဒ်ကောင်းများ ရရှိနေပေမယ့်လည်း နည်းပြသစ်ရှာဖွေရန် ဆုံးဖြတ်လာတာပါ။

ESPN ရဲ့ ဖော်ပြလာမှုအရ အာဂျင်တီးနားနည်းပြမှာ ကစားသမားများနှင့် သဟဇာတ ဖြစ်မနေမှုနှင့်အတူ ဆာအိုပေါ်လိုတာဝန်ရှိသူများက ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဘုတ်အဖွဲ့ဝင်များက ဟာနန်ခရက်စပိုတွင် လက်အောက်တွင် အသင်းရဲ့ နည်းဗျူဟာပိုင်းနှင့် ကစားဟန်တို့မှာ တိုးတက်ကောင်းမွန်လာခြင်းမရှိလို့ ယုံကြည်ကာ လမ်းခွဲရန် ဆုံးဖြတ်ရတဲ့အကြောင်းရင်းထဲတွင် ပါဝင်နေကြောင်းလည်း သိရပါတယ်။

ဟာနန်ခရက်စပိုဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စတင်ကာ ဆာအိုပေါ်လိုကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်လာတာ ဖြစ်ပြီး တန်းဆင်းရမယ့်အရေးမှ ကယ်တင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယခုရာသီတွင် ခရက်စပိုဟာ 2026 Brasileirao တွင် ၄ ပွဲကစားထားရာမှာ ရမှတ် ၁၀ မှတ်အထိ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။

ခရက်စပိုဟာ ဆာအိုပေါ်လိုအား ၂ ကြိမ်ကိုင်တွယ်ရာတွင် ၉၉ ပွဲကိုင်တိုင်ခဲ့ပြီး ၄၅ ပွဲနိုင်၊ ၂၆ ပွဲသရေ၊ ၂၈ ပွဲရှုံးရလဒ် ရရှိထားပါတယ်။ သူဟာ ပထမအကြိမ် ဆာအိုပေါ်လိုကို ကိုင်တွယ်တုန်းက အကြီးမားဆုံးအောင်မြင်မှုအဖြစ် 2021 Paulista Championship ရယူပေးနိုင်ခဲ့ပါတယ်။

image