ဟော်မုဇ်ရေလက်ကြားတွင် အသေခံမိုင်းလှေလက်ချက်မိသွားသော ထိုင်းသင်္ဘောမှသင်္ဘောသား ၃ ဦး ပျောက်ဆုံးနေကြောင်း ထိုင်းအစိုးရ ထုတ်ပြန်
ဟော်မုဇ်ရေလက်ကြားအတွင်း လမ်းညွှန်စနစ်ပါရှိသည့်အသေခံမိုင်းတင်လှေ၏ လက်ချက်မိခဲ့သည်ဟုဆိုသော ထိုင်းသင်္ဘောတစ်စီးပေါ်မှ သင်္ဘောသား ၂၀ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာနက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
သင်္ဘောသားများသည် အသက်ကယ်လှေဖြင့် သင်္ဘောပေါ်မှ စွန့်ခွာခဲ့ကြပြီး ၎င်းတို့ကို အိုမန်ရေတပ်က ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
သင်္ဘော၏ ပဲ့ပိုင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အင်ဂျင်ခန်းအတွင်း မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ အင်ဂျင်ခန်းမှာ ယခုပျောက်ဆုံးနေသည့် ကျန်သင်္ဘောသား ၃ ဦး အလုပ်လုပ်နေသည့်နေရာဖြစ်ကြောင်း သိရသည်။