3 ပတ် - ဘာသာပြန်ပါ။

သဘင်အနုပညာရှင်များအား တည်ဆဲဥပဒေများနှင့် မညီညွတ်သောဖျော်ဖြေတင်ဆက်မှုများ မဖြစ်ပေါ်စေရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်မည်

သဘင်အနုပညာရှင်များအား တည်ဆဲဥပဒေများနှင့် မညီညွတ်သော ဖျော်ဖြေတင်ဆက်မှုများ မဖြစ်ပေါ်စေရေး အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ကြေညာချက်တွင် သဘင်စင်မြင့်ထက်တွင် ဖျော်ဖြေတင်ဆက်နေကြသော သဘင်အနုပညာရှင်များအနေ ဖြင့် မလိုလားအပ်သော သရုပ်ပျ-က်ဖျော်ဖြေတင်ဆက်မှုများ၊ တည်ဆဲဥပဒေများနှင့် မညီညွတ်သောဖျော်ဖြေတင်ဆက်မှုများ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို မိမိတို့ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ် သဘင်အစည်းအရုံးများမှတဆင့် ပြန်လည်ဖြန့်ဝေနိုင်ရန်ရည်ရွယ်ချက်ဖြင့် အသိပညာပေးဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်သဘင်အစည်း အရုံးများမှ ဥက္ကဌ၊ အတွင်းရေးမှုး၊ ကိုယ်စားလှယ်များ၊ သဘင်တည်ထောင်သူများ၊ မန်နေဂျာများ၊ ပညာရပ်ဆိုင်ရာကော်မတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် အခြားစိတ်ပါဝင်စားသူသဘင်အနုပညာရှင်များအား တက်ရောက်ဆွေးနွေးကြရန်လည်း နှိုးဆော်ထားသည်။

ဆွေးနွေးပွဲအား မတ်လ (၁၄)ရက်၌ ရန်ကုန်မြို့ ၊ အင်းစိန်ဘူတာရုံလမ်းနှင့် လမ်းသစ်လမ်းထောင့်ရှိ ဗဟိုသဘင်ရုံးတွင် ကျင်းပပြုလုပ်သွားဖြစ်ကြောင်း သိရသည်။

image