3 ရက် - ဘာသာပြန်ပါ။

ဘွန်ဒက်စ်လီဂါရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်လာတော့မယ့် ဟယ်ရီကိန်း
====================
ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးလာမှုနှင့်အတူ ဘွန်ဒက်စ်လီဂါရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်မြူးနစ်နှင့် ၂၀၂၇ နှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်ဘက်က ၂၀၂၃ ခုနှစ်တွင် ပေါင် ၂၀၄ သန်းဖြင့် စပါးစ်မှ ပြောင်းလာတဲ့ တိုက်စစ်မှူးအား အသင်းတွင် နောက်ထပ် နှစ်အနည်းငယ်ထပ်မံ ရှိနေစေလိုနေပါတယ်။

အသက် ၃၂ နှစ်ရှိ ကိန်းဟာ ဘိုင်ယန်အတွက် ၁၃၃ ပွဲကစားထားရာတွင် ဂိုး ၁၃၀ သွင်းယူထားသူ ဖြစ်ပြီး ယခုရာသီတွင် ဂိုး ၃၀ ဖြင့် ဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

ယနေ့တွင် Bild ရဲ့ ဖော်ပြလာမှုအရ ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်းကို တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ အထိ တိုးမြှင့်ပေးကာ ဘွန်ဒက်စ်လီဂါရဲ့ လုပ်ခအများဆုံးရ ကစားသမားအဖြစ် လုပ်ခတိုးမြှင့်ကာ စာချုပ်သစ်ကမ်းလှမ်းရန် စီစဉ်ထားကြောင်း သိရပါတယ်။

အင်္ဂလန်အတွက် ၁၁၂ ပွဲကစားထားတဲ့ ဟယ်ရီကိန်းဟာ လက်ရှိအချိန်တွင် ပေါင်သန်း ၁၀၀ ကျော်ကြွယ်ဝချမ်းသာသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်နှင့်ချုပ်ဆိုလာမယ့် စာချုပ်သစ်ကြောင့် ပိုမိုကြွယ်ဝချမ်းသာလာတော့မှာလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းတုန်းက ဟယ်ရီကိန်းပိုင် HK28 Limited ကုမ္ပဏီက ဘဏ်တွင် ပေါင် ၁၁၄၂၈၅၁၃ ကြွယ်ဝချမ်းသာကြောင်း မှတ်တမ်းများအရ သိရပါတယ်။

ဟယ်ရီကိန်းဟာ ၂၀၂၃ ခုနှစ်တုန်းက ပေါင် ၂.၈ သန်းရင်းနှီးမြှပ်နှံခဲ့ပေမယ့် ယခုနှစ်တွင် ပေါင် ၅.၁ သန်းသို့အထိ တိုးမြှင့်ရင်းနှီးမြှပ်နှံလာတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ကိန်းဟာ ဂျာမန်ကုမ္ပဏီ 3Bears Foods GmbH နှင့် ပူးပေါင်းကာ ကြော်ငြာ ရိုက်ကူးမှုလည်း ပြုလုပ်ထားပါသေးတယ်။

ကိန်းရဲ့ ကုမ္ပဏီဘဏ်စာရင်းအရ ငွေသား ပေါင် ၂.၂ သန်းရှိတာ တွေ့ရပြီး ၂၀၂၄ ခုနှစ်တုန်းက အုတ်နှင့် အင်္ဂတေတို့တွင် ရင်းနှီးမြှပ်နှံမှု ပေါင် ၁၅ သန်းအထိ ရင်းနှီးမြှပ်နှံမှု ပြုလုပ်တာလည်း တွေ့ရပါတယ်။

တဖက်တွင် ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်နှင့်အတူ လေ့ကျင့်ခန်း အပြည့်အဝ ဆင်းလာနိုင်မှုနှင့်အတူ ယနေ့ညတွင် အတ္တလန္တာအား အဝေးကွင်းတွင် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ပါဝင်လာရန် သေချာနေပြီလည်း ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ခြေသလုံးဒဏ်ရာကြောင့် သောကြာနေ့တုန်းက မိုချင်ဂလက်ဘတ်နှင့်ပွဲစဉ်ကို လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။

image