ယနေ့ည အစ္စတန်ဘူလ်တွင် ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို လီဗာပူး နံပါတ် ၁ ဂိုးသမားအလစ်ဆင် လွဲချော်
====================
လီဗာပူးဟာ နံပါတ် ၁ ဂိုးသမားအလစ်ဆင်ဘက်ကာမှာ ဂါလာတာစာရေးနှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အား လွဲချော်လာမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
ဘရာဇီးဂိုးသမားဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသူ ဖြစ်ပြီး အစ္စတန်ဘူလ်သို့ သွားရောက်တဲ့ လီဗာပူးရဲ့ ကစားသမား ၂၁ ဦးစာရင်းတွင် ပါဝင်လာခြင်း မရှိပါဘူး။
အလစ်ဆင်ဟာ တနင်္လာနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်ခဲ့ပေမယ့် လေ့ကျင့်ခန်းပြီးဆုံးချိန်တွင် သက်တောင့်သက်သာ ဖြစ်မနေပါဘူး။
ဒါကြောင့်လည်း လီဗာပူးဟာ အလစ်ဆင်အား အရဲစွန့် အသုံးပြုလိုခြင်း မရှိမှုနှင့်အတူ အနားပေးလာတာလည်း ဖြစ်ပါတယ်။
ဘရာဇီးဂိုးသမားဟာ ယခုရာသီတွင် လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၂ ပွဲကစားထားသူ ဖြစ်ပြီး သောကြာနေ့တုန်းက ဝုဗ်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ အက်ဖ်အေဖလားပွဲစဉ်တွင်လည်း ပါဝင်ကစားခဲ့ပါတယ်။
ဒါ့အပြင် အန်းဆလော့ဟာ ဖီဒီရီကိုချီယေဆာမှာလည်း အစ္စတန်ဘူလ်ပွဲစဉ်ကို လွဲချော်လာမှုနှင့်အတူ တိုက်စစ်အတွက် ရွေးချယ်စရနည်းပါးလာနေပါတယ်။
အန်းဆလော့ဟာ အလစ်ဆင်ဘက်ကာ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ခြင်း မရှိမှုနှင့်အတူ ဒုတိယဂိုးသမားဂျော်ဂျီမာမာဒက်ရှ်ဗီလီကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုလာပါမယ်။
ဗလင်စီယာမှ ပေါင် ၂၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဂျော်ဂျီယာလက်ရွေးစင်ဟာ ယခုရာသီတွင် အလစ်ဆင် ဒဏ်ရာကြောင့် အနားယူနေစဉ်အတွင်း ၁၁ ပွဲကစားခွင့် ရထားပါတယ်။