မုံရွာမြို့ စက်သုံးဆီဆိုင်များ ကွင်းဆင်းစစ်ဆေးလျက်ရှိ
မုံရွာမြို့တွင် စက်သုံးဆီဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မုံရွာမြို့ ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှု မဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် မတ်လ (၈) ရက်၊ နံနက် (၉) နာရီက မုံရွာခရိုင်/မြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥ က္ကဋ္ဌများနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိနှင့်အတူ တာဝ န်ရှိသူများလိုက်ပါပြီး မုံရွာမြို့ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များအား သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုဘဲအခြင်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး၊ နေ့ရက်အလိုက် သတ်မှတ်ထားသော ( စုံ ၊ မ ) အက္ခရာယာဉ် အမှတ်များကို သက်မှတ်ရက်အလိုက် စနစ်တကျ ရောင်းချသွားရန်မှာ ကြားခဲ့ကြောင်းသိရသည်။