6 ပတ် - ဘာသာပြန်ပါ။

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၇၃ ဦးကို ယနေ့ တွင် သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်း

ယနေ့ အထိ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း(၁၄၃၀၀)ကျော် ထိန်းသိမ်းထားပြီး (၁၃၃၃၅) ဦး ကို လွှဲပြောင်းထားနိုင်

အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၇၃ ဦးကို ယနေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုပြင် ဖမ်းဆီးရမိထားသည့်ပြည်ပနိုင်ငံသားများအနက် ပြည်ဝင်ခွင့်ဗီဇာစည်းကမ်းဖောက်ဖျက်ထားသည့် အတွက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲဆို အရေးယူနိုင်ရေးဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ၂၅ ဦးရှိကြောင်းလည်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်ကနေ ၂၀၂၆ မတ်လ ၁၀ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၁၄,၃၉၃) ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိသူများ အနက် (၁၃,၃၃၅)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ပြီး ၁၀၅၈ ဦး ကျန်ရှိနေသေးကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ တွင် ပါဝင်ပတ်သက်နေသူများ နှင့် နောက်ကွယ်မှကြိုးကိုင်နေသည့် နိုင်ငံခြားသားများကိုလည်း ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေးအတွက် လည်း အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့စည်းများနှင့် အတူ မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

image