1 ပတ် - ဘာသာပြန်ပါ။

မတ် ၉ ရက်ညပိုင်း ပြည်ကြီးတံခွန်မြို့နယ်မီးလေ-ာင်မှုမှ မီးဘေးသင့်အိမ် ထောင်စု(၉)စုအား ထောက်ပံ့ပစ္စည်းများပေး

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်တွင် မတ် ၉ ရက်ည ၇ နာရီခွဲကျော်ခန့်က လူနေအိမ်များမီးလေ-ာင်မှုဖြစ်ပွား၍ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြရာ ည ၈ နာရီတွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်များပျ-က်စီးဆုံးရှုံးကာ အိမ်ထောင်စု(၉)စုမှ လူဦးရေ(၃၁)ဦး မီးဘေးသင့်ခဲ့ရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)ထံမှ သိရသည်။

ထို့ကြောင့် မီးဘေးသင့်သူများအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ ယနေ့ မတ် ၁၀ ရက်တွင် အိမ်ထောင်စုတစ်စုလျင် (၁၆)ဂါလံဆန့် ပလပ်စတစ်ပုံး(၁)ပုံး၊ ကိုင်းပါ ရေပုံး(၁)ပုံး၊ တဘတ်အ သေး(၉)ထည်၊ စတီးရေခွက်(၂)ခွက်၊ သွားတိုက်ဆေး (၃)ဘူး၊ အဝတ်လျှော်ဆပ်ပြာ(၃)ခဲ၊ ဆပ်ပြာမှူန့်ထုပ်(၃) ထုပ်၊ ခေါင်းလျှော်ရည်ဘူး(၁)ဘူး၊ တစ်ရှူးလိပ်(၅)လိပ်တို့အား ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ခေါင်းဘီး(၂)ချောင်း၊ မှန်(၁)ချပ်၊ လက်သည်း ညှပ်(၂)ခု၊ ပီနံအိတ်(၁)အိတ်၊ ရေချိုးဆပ်ပြာ(၅)ခဲ၊ ဂျုတ်(၅)ခုပါ (၁)ထုပ်၊ ကိုင်းပါရေချိုးခွက်(၁)ခွက်၊ ပ လပ်စတစ်ဇလုံ(၃)လုံး၊ အမျိုးသမီးဝတ်ထမီ(၁)ထည်၊ အမျိုးသမီးလစဥ်သုံးပစ္စည်း(၄)ထုတ်၊ အမျိုးသမီးဝတ်အတွင်းခံဘော်လီ(၁)ထည်၊ အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီ(၁)ထည်၊ ဖိနပ်(၁)ရံ၊ အဝတ်‌လျှော်ဘရရှ် (၂)ခု၊ စပို့ရှပ်အကျီ(၁)ထည်၊ ခေါင်းလျှော်ရည်(၃)ထုပ်၊ အိတ်ဆွဲစောင်(၁)ထည်၊ အခင်းစောင်(၁)ထည်၊ ဆပ်ပြာခွက်(၂)ခွက်၊ သွားတိုက်တံ(၅)ချောင်းတို့ကိုလည်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

image