ပုသိမ် - ရှောပြာ - ချောင်းသာလမ်း (၂၄)ပေအကျယ် ကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်ခြင်း ရာနှုန်းပြည့်ပြီးစီး
ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၂၄)ပေအကျယ် ကွန်က ရစ်လမ်း တိုးချဲ့တည်ဆောက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တိုးချဲ့တည်ဆောက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မတ်လ (၁၀) ရက်တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ကကျန်ရှိနေသော လူသွားလမ်း(၂)ဖက်ပြုလုပ်ခြင်းနှင့် အုတ်စီရေမြောင်း တည်ဆောက်လုပ်ငန်းများကို ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားရောက် စစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ အချိန်မီပြီးစီးစေရေး၊ အရည်အ သွေးပြည့်မီရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။