အာဆီယံ လူမှုယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး မြန်မာပါဝင်တက်ရောက်

ယဉ်ကျေးမှု စံတန်ဖိုးထားမှုများနှင့် လူမှုသဟဇာတဖြစ်မှု၊ အာဆီယံ၏ လူမှုပေါင်းစည်းယှက်နွယ်မှု အကြောင်းဆွေးနွေး

အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် ၃၅ ကြိမ်မြောက် အာဆီယံ လူမှုယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို မတ်လ ၃ ရက် မှ ၇ ရက်အထိကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများက လူမှုယဉ်ကျေးမှု အသိုက်အ၀န်းကောင်စီ ဝန်ကြီးများ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ယဉ်ကျေးမှုစံတန်ဖိုးထားမှုများ နှင့် လူမှုသဟဇာတဖြစ်မှုသည် ကဏ္ဍစုံပူးပေါင်းဆောင်ရွက် မှုများမှတဆင့် အာဆီယံ၏ လူမှုပေါင်းစည်း ယှက်နွယ်မှုကို ခိုင်မာစေခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဆီယံ လူမှုယဉ်ကျေးမှု အသိုက်အဝန်း၏ မဟာဗျုဟာလားရာကိုလည်း နိုင်ငံအလိုက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ အမြင်သဘောထားကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

image