6 ရက် - ဘာသာပြန်ပါ။

ငလျင်ကြောင့် ထိခို-က်မှုများ ပြင်ဆင်ပြီးနောက် နေပြည်တော် အမျိုးသားပြတိုက် ပြန်လည်ဖွင့်လှစ်

ငလျင်ဒ-ဏ်ခံခဲ့ရပြီး ထိခို-က်မှုများ ရှိခဲ့သော အမျိုးသားပြတိုက် (နေပြည်တော်)ကို ပြန်လည်ပြင်ဆင်မှုများ ပြီးနောက် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ( မတ် ၁၀) က စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။

စတင်ပြန်လည်ဖွင့်လှစ်သည့် မတ် ၁၀ရက်မှ မတ် ၁၂ ရက်အထိဝင်ကြေး အခမဲ့ ဖြစ်သည်။

အမျိုးသားပြတိုက် နေပြည်တော်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် ဖွင့်လှစ်ထားမည်ဟုလည်း သိရသည်။

ဖွင့်လှစ်ချိန်သည် နေ့စဉ် နံနက် ၉ နာရီ ခွဲ အချိန်မှ ညနေ ၄ နာရီခွဲ အချိန် အထိ ဖြစ်သည်။

နိုင်ငံသား တစ်ဦးလျှင် ကျပ် ၁၀၀၀ ၊ နိုင်ငံခြားသား တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် လက်မှတ်ဝယ်ယူ၍ လေ့လာကြည့်ရှုနိုင်ပြီး သံဃာ၊ သီလရှင်၊ ကျောင်းသား၊ ကျောင်းသူများမှာ ဝင်ကြေးအခမဲ့ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - နေပြည်တော်ပြတိုက်

image