6 ရက် - ဘာသာပြန်ပါ။

အီရန်-အမေရိကန်စစ်ပွဲကြောင့် ပထမဆုံးကမ္ဘာ့ဖလားအိပ်မက်အား ခြိမ်းခြောက်နေမှုကြောင့် ဖီဖာထံ အီရတ် အကူအညီတောင်းလာ
=====================
အီရတ်ဟာ အီရန်စစ်ပွဲကြောင့် ကစားသမားများမှာ မက္ကဆီကိုတွင် ကစားမယ့် ပလေးအော့ဖ်ပြိုင်ပွဲအတွက် ဗီဇာ မရရှိသေးမှု၊ နည်းပြမှာလည်း ယူအေအီးတွင် ပိတ်မိနေမှုကြောင့် လိုအပ်တဲ့ အကူအညီပေးရန် ဖီဖာထံ တောင်းဆိုလာပါတယ်။

အီရတ်အသင်းနည်းပြ ဩစတြေးလျနိုင်ငံသားဂရေဟမ်အာနိုးမှာ ယူအေအီးတွင် ပိတ်မိနေတာ ဖြစ်ပြီး လေကြောင်း အခက်အခဲကြောင့် ထွက်ခွာမရ ဖြစ်နေပါတယ်။

တဖက်တွင် အီရတ်ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် ဝန်ထမ်းများမှာလည်း မက္ကဆီသို့ ပြည်ဝင်ခွင့် ဗီဇာ ရရှိရေး အခက်အခဲနှင့် ကြုံနေရပါတယ်။

မက္ကဆီကိုနိုင်ငံရေးဝန်ကြီးကမူ မက္ကဆီကိုနိုင်ငံတွင် အီရတ်သံရုံးမရှိမှုကြောင့် ယင်းသို့ ဗီဇာအခက်အခဲ ဖြစ်နေခြင်း ဖြစ်ကြောင်း၊ ယူအေအီးရှိ မက္ကဆီကိုသံရုံးက အီရတ်ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ကာ အဆင်ပြေအောင် လုပ်ဆောင်ပေးမယ်လို့ ဆိုထားပါတယ်။

တဖက်တွင် မက္ကဆီကိုက ယင်းဗီဇာမှာ မည်သည့်ဥရောပနိုင်ငံသို့ မဆို ဝင်ရောက်နိုင်ကြောင်းနှင့် အီရတ်ဘောလုံးအဖွဲ့ချုပ်ဘက်က မက္ကဆီကိုသို့ လိုက်ပါလာမယ့်သူအမည်နှင့် အချက်အလက်များ ပေးပို့ရန် တောင်းဆိုမှုလည်း ပြုလုပ်ထားပါတယ်။

အီရတ်ဟာ မတ်လ ၃၁ ရက်နေ့တွင် မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး ပလေးအော့ဖ်အဖြစ် ဘိုလီဗီးယား (သို့မဟုတ်) ဆူရာနမ်နှင့် ကစားရပါမယ်။

တဖက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပြီးဖြစ်တဲ့ အီရန်အသင်းမှာလည်း အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ပွဲ ဖြစ်ပွားနေမှုနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေး မရေမရာ ဖြစ်လာပါတယ်။

တကယ်လို့များ အီရတ်သာ ပလေးအော့ဖ်မှ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခြင်း မရှိပါကလည်း အီရန်သာ ပြိုင်ပွဲမှ ထွက်ခွာလာမည်ဆိုပါက ကမ္ဘာ့ဖလားဝင်ခွင့် ရနိုင်တဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။

image