6 ရက် - ဘာသာပြန်ပါ။

မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘက်ပေး ပါဝင်ကစားနိုင်ရေး ရီးရဲလ်မက်ဒရစ် လက်မလျှော့သေး
=====================
ကိုင်လီယန်ဘက်ပေးဟာ မန်စီးတီးနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝရေး အပြင်းအထန် လုပ်ဆောင်နေပါတယ်။

ပြင်သစ်စူပါစတားဟာ မွေးရပ်မြေ ပြင်သစ်တွင် ဘယ်ဖက်ဒူးဒဏ်ရာကို ရက်အတန်ကြာ ဆေးကုသမှုများ ပြုလုပ်ပြီးနောက် တနင်္ဂနွေနေ့တုန်းက မက်ဒရစ်သို့ ပြန် ရောက်လာခဲ့ပါတယ်။

သူဟာ ဗုဒ္ဓဟူးနေ့တွင် ဘာနေဗျူးတွင် ကစားရမယ့် မန်စီးတီးနှင့်ပွဲတွင် ပါဝင်ကစားရန် မရေမရာ ဖြစ်နေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ကတော့ ဒဏ်ရာအခြေအနေ တိုးတက်မှုကို အချိန်ပြည့်စောင့်ကြည့်ကာ အသုံးပြုနိုင်ရေး လက်လျှော့ကြခြင်း မရှိသေးပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာ ဘက်ပေးအား ယနေ့ တနင်္လာနေ့နှင့် မနက်ဖြန် တနင်္လာနေ့တို့တွင် လေ့ကျင့်ခန်း ပြုလုပ်လာစေမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ဂွါဒီယိုလာရဲ့ မန်စီးတီးနှင့် ပွဲစဉ်တွင် ပါဝင် ကစားနိုင်ခြင်း ရှိ/မရှိ စစ်ဆေးမှု ပြုလုပ်လာပါမယ်။

တဖက်တွင် စပိန်မီဒီယာများရဲ့ ဖော်ပြလာမှုအရ ဘက်ပေးဟာ ပြင်သစ်တွင် ဆေးကုသမှု ခံယူစဉ်အတွင်း ဒဏ်ရာအခြေအနေ တိုးတက်မှု ရှိခဲ့မှုနှင့်အတူ ရီးရဲလ်မက်ဒရစ်အနေဖြင့် မန်စီးတီးနှင့်ပွဲတွင် အရဲစွန့် အသုံးပြုလာနိုင်ခြေ ရှိတယ်လို့လည်း ဖော်ပြနေကြပါတယ်။

ဒါ့အပြင် ဘက်ပေးကိုယ်တိုင်ကလည်း မန်စီးတီးနှင့်ပွဲတွင် ပါဝင်ကစားရန် စိတ်အားထက်သန်နေပါတယ်။

ရီးရဲလ်မက်ုရစ်နည်းပြအာဘီလိုအာမှာလည်း အင်္ဂါနေ့ညနေပိုင်း လေ့ကျင့်ခန်း အစီအစဉ် မစတင်မီ အချိန်တွင် ဘက်ပေးအား မန်စီးတီးနှင့်ပွဲတွင် အသုံးပြုရေးကို ဆုံးဖြတ်လာဖို့ ရှိပါတယ်။

image