အာရှဖလားပြိုင်ပွဲတွင် သတ္တိရှိရှိ သပိတ်မှောက်ခဲ့ကြပြီးနောက် အီရန်သို့ ပြန်ချိန်တွင် သေဒဏ်အပေးခံရမှာ စိုးလို့ အကူအညီတောင်းခံလာတဲ့ အီရန်အမျိုးသမီးအသင်း
==================
အီရန်အမျိုးသမီးလက်ရွေးစင်အသင်းဟာ မိခင်နိုင်ငံ အီရန်သို့ ပြန်ရောက်ချိန်တွင် ထောင်ဒဏ် (သို့မဟုတ်) သေဒဏ်အပေးခံရရန် စိုးရိမ်နေကြမှုနှင့်အတူ အကူအညီပေးရန် တောင်းခံလာသလို ၂၀၀ ဝန်းကျင်တို့ကလည်း ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

အီရန်အမျိုးသမီးအသင်းဟာ ဩစတြေးလျတွင် ကျင်းပနေတဲ့ အာရှအမျိုးသမီးဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့ညတုန်းက ဖီလစ်ပိုအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။

ဖီလစ်ပိုင်နှင့်ပွဲအပြီးတွင် ဆန္ဒပြသူ ၂၀၀ ဝန်းကျင်ခန့်တို့ဟာ အီရန်အသင်းဘတ်စ်ကားပတ်ဝန်းကျင်သို့ လာရောက်ကာ 'let them go'လို့ အော်ဟစ်ခဲ့ကြပါတယ်။ ယင်းသို့ ဆန္ဒပြမှုအား ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ထိန်းသိမ်းခဲ့ရပါတယ်။

ယင်းအချိန်တွင် ဘတ်စ်ကားအတွင်းတွင် ရှိနေတဲ့ အနည်းဆုံး အီရန်ကစားသမား ၁ ဦးက ဖုန်းမှ တဆင့် SOS အချက်ပြမီးပြကာ အကူအညီတောင်းခံခဲ့ပါတယ်။

ဒါ့အပြင် သူမဟာ လက်မကို လက်ထဲထည့်ဆုပ်ပြီး အကူအညီပေးရန်လည်း တောင်းဆိုခဲ့ပါတယ်။

ကစားသမားတစ်ဦးကလည်း ဆန္ဒပြသူများအား အသည်းပုံသဏ္ဍာန်ပြုလုပ်ပြခဲ့ပါသေးတယ်။

အီရန်အမျိုးသမီးအသင်းဟာ အီရန်နှင့် အမေရိကန်စစ်ပွဲမတိုင်မီကတည်းက ဩစတြေးလျသို့ အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရောက်ရှိနေခဲ့တာပါ။

၎င်းတို့ဟာ ပြီးခဲ့တဲ့အပတ်တနင်္လာနေ့တုန်းက တောင်ကိုရီးယားကို ရှုံးနိမ့်တဲ့ အဖွင့်ပွဲစဉ်တွင် နိုင်ငံတော်သီချင်းသီဆိုခြင်း မပြုလုပ်ဘဲ ဆန္ဒပြ သပိတ်မှောက်မှု ပြုလုပ်ခဲ့ပါတယ်။

ယင်းသို့ သပိတ်မှောက်မှုအား အီရန်အစိုးရပိုင် ရုပ်သံဌာနက ရှက်စရာအကောင်းဆုံးလုပ်ရပ်၊ သစ္စာဖောက်မှုအဖြစ် ရှုံ့ချခဲ့ပါတယ်။

ယင်းသို့ အခြေအနေကြောင့် အီရန်အမျိုးသမီးအသင်းဟာ အီရန်သို့ ပြန်ရောက်ချိန်တွင် ထောင်ဒဏ်ချမှတ်ခြင်း (သို့မဟုတ်) သေဒဏ်ပေးခံရခြင်းတို့ ကြုံလာရမှာ စိုးရိမ်နေရပါတယ်။

အီရန်ဥပဒေအရ နိုင်ငံတော်ပုန်ကန်မှုနှင့် အဂတိလိုက်စားမှုအား သေဒဏ်အထိ ပေးနိုင်ပါတယ်။

တဖက်တွင် အီရန်အသင်းနည်းပြမာဇီယာဂျာဖာရီက အာရှဖလားပြိုင်ပွဲမှ ထွက်ခွာရမှုနှင့်အတူ အီရန်အသင်းမှာ မိခင်နိုင်ငံသို့ ပြန်ရတော့မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာထားပါတယ်။

image