မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးပုံမှန်အနေအထားပြန်လည်ရောက်ရှိစေရေးဆွေးနွေး

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးဖြစ်သူ H.E. Mr. Kallayana Vipattipumiprates တို့ ယနေ့ မတ် ၉ ရက်နေ့လည်ပိုင်းကတွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဥ် မြန်မာသံအမတ်ကြီးက H.E. Mr. Kallayana Vipattipumiprates အား ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးအဖြစ်ခန့်အပ်ခြင်းခံရ၍ ဂုဏ်ယူဝမ်းမြောက်ကာ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် H.E. Mr. Kallayana Vipattipumiprates နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေးပုံမှန်အနေအထားပြန်လည်ရောက်ရှိစေရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်နိုင်မည့် ဈေးကွက်အခွင့်အလမ်းများနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

image