အားကစားနည်း(၉)မျိုးကို နွေရာသီအခြေခံအားကစားသင်တန်းများအဖြစ် ပဲခူးတိုင်း၌ ယနေ့စတင်ဖွင့်လှစ်သင်ကြား
ပဲခူးတိုင်း၊ ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအခြေခံအားကစားသင်တန်းများအဖြစ် အားကစားနည်း(၉)မျိုးကို ယနေ့ မတ် ၉ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဘောလုံး၊ အေရိုဗစ်၊ Fitness Dance၊ ကရာတေး၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကြက်တောင် အားကစားနည်း(၉)မျိုးကို ပဲခူးမြို့ရှိ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၊ တိုင်းဒေသကြီး လူငယ်စင်တာ၊ တိုင်းဒေသကြီးအားကစားခန်းမ၊ ပုဏ္ဏားစုကျောင်းနှင့် ဟင်္သာတင်းနစ်ကွင်းတို့၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများအား ယနေ့ မတ် ၉ ရက်မှ မတ် ၃၀ ရက်အထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းများဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် အားကစားသည် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။