5 ရက် - ဘာသာပြန်ပါ။

ပြည်သူများအတွက် EV နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်နေ

ပြည်သူများအတွက် EV နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သင်တန်းသား၏ တက်ရောက်နိုင်မှုနှင့် တက်ရောက်လိုသည့် နည်းပညာတို့အပေါ် မူတည်၍ စိတ်ကြိုက်သင်တန်းများကိုပါ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

EV Mechanics သင်တန်း ဖွင့်ပွဲကို ယမန်နေ့က အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ Hybrid စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်ခဲ့ကြောင်း သိရသည်။

EV သုံးစွဲမှုမှတစ်ဆင့် ရုပ်ကြွင်းလောင်စာအပေါ်မှီခိုရမှုနှင့် နိုင်ငံခြားငွေကုန်ကျစရိတ်များကို လျှော့ချနိုင်ရေး၊ လေထုနှင့် အသံညစ်ညမ်းမှုများလျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှုနှင့် အခြားဆုလာဘ်များကို ပြည်သူများ ရရှိခံစားနိုင်စေရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒချမှတ်ကာ လုပ်ငန်းကော်မတီ ၅ ခုတို့က ညွှန်ကြားချက်များအတိုင်း တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာအောင်ဇေယျက ပြောသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ် (ဘယ်လင်း) တို့တွင်လည်း စံနှုန်းများပြည့်မီစွာ သတ်မှတ်သင်တန်းချိန်များအတိုင်း ဖွင့်လှစ်လျက်ရှိရာ EV Training of Trainers သင်တန်းချိန်နာရီ ၁၈၀၊ EV Maintenance သင်တန်းချိန် နာရီ ၉၀၊ EV နည်း ပညာဆင့်ပွားသင်တန်းချိန် နာရီ ၆၀၊ EV Mechanics သင်တန်း ချိန် နာရီ ၃၀၊ EV Inspection သင်တန်းချိန် ၂၄ နာရီ၊ EV Diag-nostics သင်တန်းချိန် ၁၈ နာရီ ဖြင့် သင်ကြားပေးနေကြောင်း သိရသည်

image