" လယ်ယာမြေ မီးရှို့ခြင်း၏ ရေရှည်ဆိုးကျိုးများ"ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောမှု ပြုလုပ်
ညောင်တုန်းမြို့နယ်အတွင်း " လယ်ယာမြေ မီးရှို့ခြင်း၏ ရေရှည်ဆိုးကျိုးများ"ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောမှုများ မတ် ၉ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇင်ကိုကိုမင်း ဦးဆောင်သောအဖွဲ့သည် ညောင်တုန်းမြို့နယ်အတွင်း လယ်ယာမြေ မီးရှို့ခြင်း၏ ရေရှည်ဆိုးကျိုးများ"ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ညောင်တုန်းမြို့နယ် အပေါင်ကျေးရွာတွင် လယ်ယာမြေမီးရှို့မှုတစ်ခုဖြစ်ပွားခဲ့ရာ မအူပင်ခရိုင်၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဇင်ကိုကိုမင်း (ဒုတိယဦးစီးမှူး) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆားမလောက်နယ်မြေရဲကင်းစခန်းနှင့်ပူးပေါင်းကာ အဆိုပါဖြစ်စဥ်( Fire Hotspot) ပေါ်ပေါက်ခဲ့သည့် ညောင်တုန်းမြို့နယ်၊ အပေါင်ကျေးရွာအုပ်စုသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားမှုမရှိစေရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် လေထုညစ်ညမ်းမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကျေးရွာနေပြည်သူ (၂၀) ဦးအား "လယ်ယာမြေ မီးရှို့ခြင်း၏ ရေရှည်ဆိုးကျိုးများ" ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။