5 ရက် - ဘာသာပြန်ပါ။

ပွဲတစ်ပွဲနှင့်တစ်ပွဲကြား ရက်များစွာ ကွာဟနေမှုကြောင့် ခြေစွမ်းကျဆင်းလာခြင်းဖြစ်ကြောင်း ယူနိုက်တက်စတားများ အပြစ်ပုံချလာ
====================
ယူနိုက်တက်စတားများဟာ နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းကျဆင်းလာမှုအတွက် ပွဲတစ်ပွဲနှင့် တစ်ပွဲအကြား ရက်များစွာ ကွာဟနေမှုအပေါ် အပြစ်ပုံချလာကြပါတယ်။

ယူနိုက်တက်ဟာ ယာယီနည်းပြမိုက်ကယ်ကာရစ်လက်ထက် မန်စီးတီး၊ အာဆင်နယ်တို့နှင့် ပထမဆုံး ၂ ပွဲတွင် အနိုင်ရရှိကာ ထိပ်တန်းခြေစွမ်းမျိုး ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်များတွင် ရုန်းကန်လာရတာ တွေ့ရပါတယ်။

အထူးသဖြင့် ယူနိုက်တက်စတားများဟာ နောက်ဆုံး ၂ ပွဲဖြစ်တဲ့ ပဲလေ့စ်၊ နယူးကာဆယ်တို့နှင့်ပွဲများတွင် ခြေစွမ်းပြရန် ရုန်းကန်လာရပါတယ်။

ယူနိုက်တက်ဟာ ဆယ်ယောက်ကျန် ပဲလေ့စ်ကို နောက်ကလိုက်ကစားကာ ၂-၁ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပြီး နယူးကာဆယ်နှင့်ပွဲတွင်လည်း ခြေစွမ်းပိုင်း ဆိုးရွားခဲ့ကာ ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

နယူးကာဆယ်ဟာ ပထမပိုင်းကတည်းက တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပေမယ့်လည်း ယူနိုက်တက်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။

ယင်းသို့ နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းပိုင်း ကျဆင်းလာမှုမှာ ပွဲတစ်ပွဲနှင့် တစ်ပွဲအကြား ရက်များစွာ ကွာဟနေမှုအပေါ် တွင် ယူနိုက်တက်စတားများ ရယ်စရာကောင်းအောင် အပြစ်ပုံချလာကြပါတယ်။

ကလပ်အတွင်းလူတစ်ဦးက "ကစားသမားတွေက သူတို့ရဲ့ ကစားပုံကြောင့် နည်းပြကို စိတ်ပျက်စရစေတယ်လို့ ခံစားရနေကြပါတယ်။ ပွဲတစ်ပွဲနဲ့ တစ်ပွဲအကြား ရက်အရမ်းကြီး ကွာဟနေမှုက နာကျင်ရစေတယ်၊ အထိနှေးစေတယ်လို့ ယုံကြည်နေကြပါတယ်။ ဒီအပေါ် သူတို့ စိုးရိမ်နေကြတယ်။‌ အပြောင်းအလဲ ဖြစ်စေချင်နေကြတယ်"လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီတွင် ဥရောပပြိုင်ပွဲ ဝင်ခွင့် မရထားသလို အက်ဖ်အေဖလားနှင့် ခါရာဘောင်ဖလားတို့မှာလည်း ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာထားရပါတယ်။

၎င်းတို့ဟာ လာမယ့် မတ်လ ၁၅ ရက်နေ့ အက်စတွန်ဗီလာနှင့်ပွဲအထိ ကစားရန် မရှိပါဘူး။ ယင်းပွဲအပြီး ၅ ရက်တွင် ၎င်းတို့ဟာ ဘုန်းမောက်နှင့် ရင်ဆိုင်ရပြီးနောက် နိုင်ငံတကာပွဲကြောင့် လိဂ်ပြိုင်ပွဲ နားပါမယ်။

နိုင်ငံတကာပွဲစဉ်များအပြီးတွင် ယူနိုက်တက်ဟာ ဧပြီလ ၁၃ ရက်နေ့မှာ အိုးထရက်ဖို့ဒ်မှာ လိဒ်ကို ဧည့်ခံကစားရပါမယ်။

image