5 ရက် - ဘာသာပြန်ပါ။

Old Firm ဒါဘီပွဲအပြီး ကွင်းအတွင်း ဝင်ရောက်ကာ ဆဲလ်တစ်နှင့် ရိန်းဂျားပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ ဝင်ထိန်းခဲ့ရ
===================
ဆဲလ်တစ်နှင့် ရိန်းဂျားပရိသတ်များဟာ Ibrox တွင် ကစားတဲ့ Old Firm ဒါဘီပွဲစဉ်အပြီးတွင် ကွင်းအတွင်း ကျူးကျော် ဆင်းလာကြပြီးနောက် ခိုက်ရန် ဖြစ်ပွားခဲ့ကြပါတယ်။

စကော့တလန်ရှုံးထွက်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ရိန်းဂျားနှင့် ဂိုးမရှိသရေကျကာ ပင်နယ်တီအဆုံးအဖြတ်တွင် ၄-၂ ဖြင့် ဆဲလ်တစ်တို့ အနိုင်ရရှိပြီးနောက် ဆဲလ်တစ်ပရိသတ်များ ကွင်းအတွင်း ဆင်းကာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ရိန်းဂျားပရိသတ်များလည်း အရံအတားအဆီးများကို ကျော်ဖြတ်ကာ ကွင်းအတွင်း ဆင်းလာသလို မီးရှူးများဖြင့် ပစ်ပေါက်ခြင်းတို့ ပြုလုပ်ခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်များ၊ ကွင်းလုံခြုံရေးဝန်ထမ်းများ ဝင်ရောက် ထိန်းသိမ်းခဲ့ရပါတယ်။

နှစ်ဖက်ပရိသတ်များ ပွဲကြည့်စင်သို့ ပြန်လည် သွားရောက်ကြမှုနှင့်အတူ ပြဿနာမှာ ချက်ချင်း ပြေလည်သွားခဲ့ပါတယ်။

ဆဲလ်တစ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ပရိသတ် ၁၀၀၀ ထောင်သာ လာကြည့်ခွင့် ရပြီးနောက် Broomloan Stand တွင် ပရိသတ်အပြည့်ဖြင့် လာကြည့်ခွင့် ရခဲ့ပါတယ်။

ပုံမှန်အားဖြင့် Ibox တွင် ကစားတဲ့ Old Firm ဒါဘီပွဲစဉ်များတွင် ဆဲလ်တစ်ပရိသတ် ၇၅၀၀ ဝန်းကျင်လာကြည့်ခွင့်ရခဲ့တာပါ။

ဒါပေမယ့် နောက်ပိုင်းတွင် နှစ်ဖက်အသင်းတို့ဟာ အဝေးကွင်းပရိသတ်များအား ၇၅၀ ဝန်းကျင်သာ ကြည့်ခွင့်ပေးလာကြပါတယ်။

စကော့တလန်ဘောလုံးအဖွဲ့ချုပ်က ရိန်းဂျားနှင့် ဆဲလ်တစ်တို့ရဲ့ ပွဲစဉ်တွင် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကာ ခိုက်ရန် ဖြစ်ပွားတဲ့ အဖြစ်အပျက်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာထားပါတယ်။

image