5 ရက် - ဘာသာပြန်ပါ။

၁၀ မိနစ်တည်းသာ လေ့ကျင့်ပြီးနောက် ၃-၅-၂ ကစားကွက်ကို အာတီတာ အသုံးပြုခဲ့ခြင်းဖြစ်
===================
အာဆင်နယ်နည်းပြမီခေးလ်အာတီတာက မန်းစ်ဖီးလ်ဒ်နှင့် အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မတိုင်မီ ၁၀ မိနစ်တည်းသာ လေ့ကျင့်ပြီးနောက် ၃-၅-၂ ကစားကွက်အား အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားလာပါတယ်။

အာဆင်နယ်ဟာ လိဂ် ၁ ကလပ် မန်းစ်ဖီးလ်ဒ်ကို ထူးထူးခြားခြား ၃-၅-၂ ကစားကွက်ဖြင့် ခင်းကျင်းကစားခဲ့ပြီး ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်ဟာ ဆယ်ကျော်သက် မာလီဆယ်မွန်၊ ခရစ္စတီယန်မော့စ်ကွီရာ၊ ရီကာဒိုကာလာဖီအိုရီတို့အား ခံစစ်တွင် အသုံးပြုကာ မာတင်နယ်လီနှင့် မာဒူကီတို့အား တောင်ပံတွင် အသုံးပြုမယ့်အစား တောင်ပံခံစစ်မှာ အသုံးပြုသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ အဓိကကစားသမားများ အနားယူရန် လိုအပ်နေမှု၊ ဒဏ်ရာပြဿနာများ ကြုံတွေ့ရမှုနှင့်အတူ ၃-၅-၂ ကစားကွက်ကို ပြောင်းလဲ အသုံးပြုလာခဲ့ရတာလည်း ဖြစ်ပါတယ်။

အာတီတာဟာ လေ့ကျင့်ရေးအစီအစဉ်တွင် ကစားသမားများကို ၃-၅-၂ ကစားကွက်နှင့်ပတ်သက်ပြီး ၁၀ မိနစ်တည်းသာ လေ့ကျင့်မှု ပြုလုပ်ပေးပြီးနောက် မန်းစ်ဖီးလ်ဒ်ပွဲတွင် အသုံးပြုလာတာပါ။

အာတီတာက "ဟုတ်တယ်။ တစ်ကြိမ်တည်းပါ။ ဆယ်မိနစ်ပါ"လို့ ပြောကြားသွားပါတယ်။

image