6 ပတ် - ဘာသာပြန်ပါ။

နယူးကာဆယ်နှင့်ပွဲမှ အဝါကတ်ကြောင့် နှစ်ပွဲပယ်ခံလာရတဲ့ ဂွါဒီယိုလာ
===================
ပက်ဂွါဒီယိုလာဟာ နယူးကာဆယ်နှင့်ပွဲစဉ်မှ အဝါကတ်ကြောင့် နှစ်ပွဲပယ်ခံရတော့မှာလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ယခုရာသီ ၆ ကြိမြောက် အဝါကတ်ပြသခြင်းခံလာရတာ ဖြစ်ပြီး ၂ ပွဲပယ်ခံလာရပါကလည်း အာဆင်နယ်နှင့် ရင်ဆိုင်ကစားရမယ့် ခါရာဘောင်ဖလားဗိုလ်လုပွဲမှာတော့ ကြီးကြပ်လာနိုင်ပါမယ်။

ဂွါဒီယိုလာဟာ နယူးကာဆယ်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်ရဲ့ ဒုတိယပိုင်းတွင် ဂျီရီမီဒိုကူးအား ကီရန်ထရစ်ပီယာက နောက်က ဆွဲမှုအပေါ် စောဒကတက်ရာမှ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

သူဟာ စတုတ္ထဒိုင်လူကြီးလီဝစ်စမစ်ထံသို့ ဒေါသတကြီး သွားရောက်ကာ စောဒကတက်မှုနှင့်အတူ ဒိုင်လူကြီးဆမ်ဘာရက်ရော့ဒ်ရဲ့အဝါကတ်ပြခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ ရာသီတုန်းက တစ်ပွဲပယ်ခံခဲ့ရသလို ဇန်နဝါရီလတုန်းကလည်း ၁ ပွဲပယ်ခံရကာ အက်စတာနှင့်ပွဲအား ပွဲကြည့်စင်မှ ကြည့်ခဲ့ရဖူးပါတယ်။

ယခုအခါ သူဟာ နောက်ထပ် အဝါကတ်ပြသခြင်းခံလာရမှုနှင့်အတူ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်စည်းမျဉ်းအရ အဝါကတ် ၃ ကတ်ပြသခြင်းခံရပါက ၁ ပွဲပယ်ခံရပြီး ယင်းအဝါကတ်မှာ အက်ဖ်အေဖလားပြိုင်ပွဲတွင်လည်း အကျုံးဝင်ကာ ခါရာဘောင်ဖလားမှာတော့ အကျုံးမဝင်ပါဘူး။

ဒါပေမယ့် ယခင် အဝါကတ် ၈ ကတ်ပြသခြင်းခံရပါက ၂ ပွဲအထိ ပွဲပယ်ခံလာရမှာလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ နောက်ထပ် အဝါကတ် ၃ ကတ်ထပ်မံ ပြသခြင်းခံရပါက ၃ ပွဲပယ်အထိပါ ကျခံရပါမယ်။

ယခုအခါ ဂွါဒီယိုလာဟာ ၂ ပွဲပယ်ပြစ်ဒဏ်ခံလာရဖို့ ရှိနေမှုနှင့်အတူ လာမယ့် ဝက်စ်ဟမ်းနှင့်ပရီးမီးယားလိဂ်ပွဲအပြင် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်ကိုပါ လွဲချော်လာဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာက "အခု ၂ ပွဲပယ်ခံရပြီ။ နောက်နှစ်ပွဲမှာ ခရီးသွားမယ်။ ဘုရားသခင်ရေ၊ ဘုရားသခင်ရေ။ ဒီမှာ ရှိလာတာ ဆယ်နှစ်ရှိတာတောင် နားမလည်နိုင်တဲ့ အရာတွေ ရှိနေသေးတယ်။ လှုပ်ရှားမှုကို ပြန်သုံးသပ်တာပေါ့။ ဒိုကူးနဲ့ ကျွန်တော့်အသင်းတိုင်းကို ကာကွယ်ဖို့ ကြိုးစားခဲ့တာပါ။ ဆက်ပြီးတော့လည်း လုပ်လာပါဦးမယ်"လို့ ပြောကြားသွားပါတယ်။

နယူးကာဆယ်နှင့်ပွဲ ပထမပိုင်းတွင် ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြကိုလိုတိုရေးမှာလည်း အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

image