4 ရက် - ဘာသာပြန်ပါ။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီး၏ ဧရာခင်းမင်္ဂလာ

မြန်မာ့တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီး၏ ဧရာခင်းမင်္ဂလာအား ယနေ့ မတ် ၈ ရက်ကကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီးတို့၏ ဧရာနှင့် Frame တို့အား စက်ခလုတ်နှိပ်ဂဟေတွဲဆက်၍ ရေယာဉ်တည်ဆောက်မှုလုပ်ငန်းအားစတင်ပေးခဲ့ပြီး ရေယာဉ်တည်ဆောက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ တည်ဆောက်ခဲ့မှုဓာတ်ပုံပြခန်းနှင့် ရေလုံလွန်းကျင်းအတွင်းတို့အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ သင်္ဘောကျင်းစီမံ ကိန်းကို အဆင့်သုံးဆင့်ဖြင့်စတင်တည်ဆောက်ခဲ့ပြီး ပထမအဆင့်စီမံကိန်းအား ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ၊ ဒုတိယအဆင့်စီမံကိန်းအား ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိအောင်မြင်စွာတည်ဆောက်ဖွင့်လှစ်ခဲ့ပြီး စစ်ရေယာဉ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂလိကရေယာဉ်များအားတည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများဆောင် ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တတိယအဆင့်စီမံကိန်းအား ၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် တတိယအဆင့်စီမံကိန်းတည်ဆောက်မှုအားအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းတွင် အရွယ်အစားကြီးမားသော စစ်ရေ ယာဉ်ကြီးများတည်ဆောက်နိုင်မည့်အပြင် တန်ချိန် (၄၀,၀၀၀)တင်ဆောင်နိုင်သော ကုန်သွယ်ရေယာဉ်(၁) စီး(သို့)စစ်ရေယာဉ်ကြီး(၂)စီးတို့တစ်ပြိုင်နက်တည် ဆောက်ခြင်း(သို့)လွန်းတင်ပြင်ဆင်ခြင်းတို့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်ရေယာဉ်ကြီးများ၊ ကုန်တင်ရေယာဉ်ကြီးများ၊ ကွန်တိန်နာတင်ရေယာဉ်ကြီးများကိုတည်ဆောက်ပြုပြင်နိုင်မည်ဖြစ်၍ နိုင်ငံ့ရေကြောင်းအကျိုးစီးပွားနှင့် နိုင်ငံ့ရေကြောင်းစွမ်းအားတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုလာနိုင်မည် ဖြစ် ကြောင်း သိရသည်။

image