အိပ်ခန်း ၅ ခန်းပါဝင်သလို မန်စီးတီးဂန္ထဝင်ရဲ့ နံရံဆေးရေးပန်းချီပါဝင်တဲ့ မန်ချက်စတာနေအိမ်အား ပေါင် ၃.၅ သန်းဖြင့် ပက်ထရစ်အီဗရာ အရောင်းစာရင်းတင်လာ
====================
ပက်ထရစ်အီဗရာဟာ မြို့ခံပြိုင်ဘက် ဆာဂျီယိုအဂွဲရိုးရဲ့ နံရံဆေးရေးပန်းချီငယ် ပါဝင်တဲ့ နေအိမ်ဟောင်းအား အရောင်းစာရင်းတင်လာပါတယ်။

အိပ်ခန်း ၅ ခန်း ပါဝင်တဲ့ ယင်းနေအိမ်တွင် မန်စီးတီးတိုက်စစ်မှူးဟောင်းဆာဂျီယိုအဂွဲရိုးရဲ့ ၂၀၁၂ ခုနှစ်တုန်းက ပရီးမီးယားလိဂ်ဖလား ရရှိစဉ်တုန်းက ဂိုးသွင်းအောင်ပွဲခံတဲ့ နံရံဆေးရေးပန်းချီပါဝင်ပါတယ်။

အဂွဲရိုးဟာ မန်စီးတီးတွင် ကစားစဉ်တုန်းက ပက်ထရစ်အီဗရာရဲ့နေအိမ်ကို ငှားရမ်းနေထိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဂွဲရိုးဟာ ယင်းနေအိမ်တွင် နေထိုင်နေစဉ်အတွင်း နာမည်ကျော် အောင်ပွဲခံမှုအား ဆေးရေးပန်းချီအား ရေးဆွဲခဲ့တာလည်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟာ ယင်းနေအိမ်အား ပေါင် ၃၄၉၅၀၀၀ ဖြင့် အရောင်းစာရင်းတင်လာပါတယ်။

အီဗရာဟာ ယင်းနေအိမ်ကို ၂၀၁၁ ခုနှစ်တုန်းက ဝယ်ယူစဉ်တုန်းက ပေါင် ၃.၇၅ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော် ကြာလာချိန်တွင် အရှုံးဖြင့် ရောင်းချလာရတာလည်း ဖြစ်ပါတယ်။

ယင်းနေအိမ်မှာ ဂရိတ်တားမန်ချက်စတာရှိ ဟေးလ်တွင် တည်ရှိတာ ဖြစ်ပြီး ဓာတ်လှေကား၊ အိမ်တွင်း ရေကူးကန်၊ ရုပ်ရှင်ရုံ၊ ဘား၊ အားကစားခန်းမ၊ ဂျာကူဇီ၊ အပူပေးခန်းတို့လည်း ပါဝင်ပါတယ်။

အိမ်ခြံတွင်လည်း လုံခြုံရေးဂိတ်ရှိသလို လျှပ်စစ်ဂိတ်ပေါက်၊ အချက်ပေးစနစ်နှင့် စီစီတီဗွီတို့လည်း ပါဝင်ပါတယ်။

အဂွဲရိုးဟာ ယင်းနေအိမ်ကို ငှားရမ်း နေထိုင်စဉ်တုန်းက တစ်လလျှင် ပေါင် ၂၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အဂွဲရိုးဟာ မန်စီးတီးတွင် ဆယ်နှစ်ကြာ ကစားစဉ်အတွင်း ၂၇၅ ပွဲတွင် ၁၈၄ ဂိုးသွင်းယူကာ မန်စီးတီးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

image