6 ရက် - ဘာသာပြန်ပါ။

ပီဒရိုမှာ ဟာလန်း၊ ကိန်းတို့နှင့် တစ်ဆင့်တည်းတွင် ရှိကြောင်း ရိုဆင်နီယာ ပြောကြားလာ
======================
ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာက တိုက်စစ်မှူးဂျုအာပီဒရိုမှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးများဖြစ်ကြတဲ့ အာလင်းဟာလန်း၊ ဟယ်ရီကိန်း၊ ကိုင်လီယန်ဘက်ပေးတို့နှင့် တစ်ဆင့်တည်းတွင် ရှိတဲ့ ကစားသမား ဖြစ်ကြောင်း ပြောကြားလာပါတယ်။

အသက် ၂၄ နှစ်ရှိ ဘရာဇီးလက်ရွေးစင်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ဗီလာအား ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီ ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၁၇ ဂိုးအထိ ရှိလာပါတယ်။

သူဟာ ယခုရာသီ ပရီးမီးယားလိဂ်ဂိုး ၁၄ ဂိုးအထိ သွင်းထားရာတွင် ပင်နယ်တီမှ သွင်းဂိုး တစ်ဂိုးမျှ ပါဝင်ခြင်း မရှိပါဘူး။ သူ့ထက် ပင်နယ်တီမပါဘဲ ဂိုးသွင်းထားနိုင်သူများအဖြစ် ဟာလန်း(၁၉)၊ ဟယ်ရီကိန်း(၂၀)နှင့် ဘက်ပေး(၁၅)တို့သာ ရှိပါတယ်။

ရိုဆင်နီယာက "ဂျိုအာက ဒီအဆင့်မျိုးမှာ ရှိနေပါတယ်။ ကျွန်တော် ဒီကို ရောက်လာပြီး နှစ်လအတွင်း ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ်ကြောင်း ဆက်တိုက် ပြသလာခဲ့တာပါ။ အာလင်းကို သူတို့နဲ့ နှိုင်းယှဉ်တာ မလေးမစားလုပ်တာလို့ ကစားသမားတွေကို ပြောထားပါတယ်။ အာလင်းကို ကောင်းကောင်း မသိပါဘူး။ ဒါပေမယ့် ကမ္ဘာ့အဆင့်တိုက်စစ်မှူးဆိုတာ အပြင်က မြင်ရပါတယ်။ အခုအချိန်မှာ ဘယ်သူနဲ့မှ ဂျိုအာကို မလဲနိုင်ပါဘူး။ သူက အရည်အသွေးအားလုံးရှိသလို ကျွန်တော်တို့ လိုချင်တဲ့အပြင် လုပ်ဆောင်ပေးနေပါတယ်"လို့ ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာ စနေနေ့တွင် အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်အဖြစ် ဝရက်စ်ဟမ်းနှင့် ရင်ဆိုင်ကစားရပါမယ်။

ဂျိုအာပီဒရိုမှာ ၂၀၁၆-၁၇ ရာသီတွင် ဒီယေဂိုကော့စတာ နောက်ပိုင်း ဂိုး ၂၀ သွင်းနိုင်တဲ့ ချဲလ်ဆီးရဲ့ ပထမဆုံးတိုက်စစ်မှူးအဖြစ် သမိုင်းမှတ်တမ်းဝင်နိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီတုန်းက ကိုးလ်ပါလ်မာက ၂၅ ဂိုးအထိ သွင်းနိုင်ခဲ့ပေမယ့် ကွင်းလယ်ကစားသမားဖြစ်သလို ဟာဇက်မှာလည်း တောင်ပံကစားသမားအဖြစ် ၂၁ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

image