အရာခပ်သိမ်းမှာ ဘယ်အရာမှမမြဲဘူး။
ပြောင်းလဲနေတာ သဘာဝတရားပဲ။
ဘယ်သူ့ကိုမှမကြည့်နဲ့ ကိုယ့်ကိုယ်ကိုကြည့် အင်မတန်ငယ်တဲ့အရွယ်ကစပြီး
ခုအိုမင်းရင့်ရော်တဲ့အထိ တဖြည်းဖြည်းပြောင်းလဲလာတာ သတိထားရမယ်။
ပြောင်းလဲတာကလည်း အကောင်းပြောင်းလာတာလား အဆိုးဘက်ကိုပြောင်းလာတာလား.?
ခန္ဓာကြီးကတော့ အသေအချာ အဆိုးဘက်ကို ပြောင်းသွားတာ။
ခန္ဓာကိုယ်ကြီး ဘယ်လောက်ပဲအဆိုးဘက်ကိုပြောင်းပြောင်း ကောင်းသထက်ကောင်းအောင် စိတ်ကလေးကိုတော့ ပို၍ပို၍ကောင်းအောင် ပြုပြင်ထားရမယ်။
ဆိုးသွား အိုသွားတဲ့ခန္ဓာကြီးကို မအိုမနာမသေအောင် ပြင်လို့မရပေမယ့် ခန္ဓာကြီးထဲက ဒီစိတ်ကိုတော့ ပြင်လို့ရတယ်လေ။
စိတ်ထားကောင်းနဲ့ စိတ်ကောင်းထားလိုက်ရင် လောကကြီးမှာ လက်ရှိလည်း အေးချမ်းစွာနေရတယ် တမလွန်မှာလည်း ချမ်းသာရတယ်။
ဒါကြောင့်မို့ ခန္ဓာကြီးဘယ်လိုပဲ အဆိုးဘက်ကို ပြောင်းလဲပါစေ မိမိစိတ်ကိုတော့ ကောင်းသထက်ကောင်းအောင် ပြောင်းကြပါစို့။
ပါချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏