သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း(၂)မျိုးကို အသိပေးကြေညာ
----------------------------------

အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ပြည်တွင်းမှာရောင်းချနေတဲ့အလှကုန်ပစ္စည်းတွေကို စစ်ဆေးခဲ့ရာမှာ အလှကုန်ပစ္စည်း(၂)မျိုးဟာ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင် ထားတာမရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းတွေပါဝင်နေ ကြောင်းစစ်ဆေးတွေ့ရှိရတဲ့အတွက် အများပြည်သူသုံးစွဲဖို့မသင့်ကြောင်း အသိပေးကြေညာချက်ထုတ်ပြန်ပါ တယ်။

အဲဒီအလှကုန်ပစ္စည်း(၂)မျိုးကတော့ တရုတ်(တိုင်ပေ)ထုတ် Lianilo Dl / Whitening Cream excellent (LD-801) နဲ့ထိုင်းဘာသာနဲ့ဖော်ပြထားတဲ့ Mila Color Chocolate Blusher(02) တို့ဖြစ်တယ်လို့ အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနရဲ့ အသိပေးကြေညာချက်မှာပါရှိပါတယ်။
တားမြစ်ဓာတုပစ္စည်းတွေဟာ အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊အဖြူအနီကွက်တွေဖြစ်တာ၊ အရေပြားကတ ဆင့်ခန္ဓာကိုယ်အတွင်းကိုစုပ်ယူပြီး ထုံကျင်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာနဲ့ အခြားရောဂါတွေဖြစ်ပွားနိုင်တယ်လို့ဆိုပါ တယ်။

ဒါ့အပြင် အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ အရည် အသွေးစစ်မှန်ကောင်းမွန်ပြီး ကျန်းမာရေးအတွက်ဘေးအန္တရာယ်ကင်းရှင်းတဲ့ အလှကုန်ပစ္စည်းတွေကို အများ ပြည်သူသုံးစွဲနိုင်ဖို့အတွက် စနစ်တကျကွပ်ကဲဆောင်ရွက်လျှက်ရှိတယ်လို့လည်း ဆိုပါတယ်။

အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီနဲ့လက်လီ လက်ကားဆိုင်တွေဟာ အစားအသောက်နဲ့ဆေး ဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားတာမရှိတဲ့ အများပြည်သူသုံးစွဲဖို့မသင့်ကြောင်း ကြေညာထား တဲ့အလှကုန်ပစ္စည်းတွေ တင်သွင်း ဖြန့်ဖြူးရောင်းချတာတွေကို ကျင့်ဝတ်အရလုံးဝမပြုလုပ်ဖို့နဲ့ လိုက်နာဆောင် ရွက်တာမရှိရင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေအရ အရေးယူဆောင် ရွက်သွားမှာဖြစ်တယ်လို့လည်းအဲဒီအသိပေးကြေညာချက်မှာပါရှိပါတယ်။

image