ဖျာပုံမြို့တွင် ‘’မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေးစကားဝိုင်း ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ "ခေါင်းစဉ်ဖြင့် အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကို မတ်လ ၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးအနေဖြင့် "မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေးစကားဝိုင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးစည်သူပိုင်မှူးက ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှု အဓိပ္ပါယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်လာမည်ဆိုပါက မည်ကဲ့သို့ ဆိုးကျိုးများနှင့် လူသားများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာ ဖြစ်ပေါ်နိုင်သောဆိုးကျိုးများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပွားချိန်တွင် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ခြင်းလျော့နည်းကျဆင်းစေရန်အတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။