3 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတော်ယာယီသမ္မတထံ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာပေးအပ်

နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကိုဆွေးနွေး

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Mohammed M Al Howishan မှ ယနေ့ မတ် ၅ ရက်နံနက်ပိုင်းက ၎င်း၏သံအမတ်ခန့် အပ်လွှာကိုပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော် ယာယီသမ္မတနှင့် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးတို့သည် မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား ရှည်လျားခိုင်မာသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ခိုင်မာလျက်ရှိမှု၊ နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေးနှင့် ကုန် သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမို တိုးတက်အောင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ မကြာမှီ လွှတ်တော်ခေါ်ယူမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

image