လာမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံဖြေစာစစ်ဌာနများ ဖွင့်လှစ်ဆောင်ရွက်ပေးမည်
၂၀၂၆ ခုနှစ် မတ်(၁၁)ရက်မှ (၁၇)ရက်အထိ ကျင်းပမည်ဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြသော ကျောင်းသားကျောင်းသူများ ပညာရေးနစ်နာမှုမရှိစေရန် ဆေးရုံဖြေစာစစ်ဌာနများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံးကြီး၊ ဗဟိုအမျိုးသမီးဆေးရုံးကြီး(ရန်ကုန်) ၊ အထူးကူဆေးရုံကြီး(ဝေဘာဂီ)၊မန္တလေးပြည်သူ့ဆေးရုံကြီး နှင့် နေ ပြည်တော်ပြည်သူ့ဆေးရုံးကြီး၊ ခုတင်(၁၀၀၀)တို့ ၌ ဆေးရုံဖြေစာစစ်ဌာနများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ် ခရိုင်၊မြို့နယ်များရှိ ဆေးရုံးကြီးများတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့်ကျောင်းသားကျော င်းသူ(လူနာ)များအတွက်လည်း သက်ဆိုင်ရာ ပညာရေးမှုး နှင့် ကျောင်းအုပ်ကြီးတို့က ညိနှိုင်းလာပါက အဆိုပါဆေးရုံကြီးများတွင် ဆေးရုံဖြေစာစစ်ဌာန ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။