မန္တလေး ငလျင်ကြီးကြောင့် ထိခို-က်ခဲ့သည့် ဘောဘောကြီးစေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေ

ပြည်မြို့၊ သရေခေတ္တရာ၊ ပျူမြို့ဟောင်း၌ မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ခဲ့သည့် ဘောဘောကြီးစေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိပြီး ယင်းကဲ့သို့ မွမ်းမံနေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကြည့်ရှုစဉ် စေတီတော်ကြီးသည် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ်၍ ဆွေးမြေ့အုတ်များ ဖယ်ရှားရာတွင် ရှေးဟောင်းပုံစံတူအုတ်ဖြင့် ပြန်လည်အစားထိုးရန်၊ အက်ကွဲကြောင်းများအတွင်း Lime Grouting လောင်းခြင်းအပြင် စေတီတော်လုံးပတ်တော်၌ ပေါက်ရောက်လျက်ရှိသည့် ညောင်ပင်များအား ဓာတုဗေဒဆေးဖြင့် ပေါင်းသတ်ဖယ်ရှားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဘောဘောကြီးစေတီတော်ကြီးကို ဒွတ္တပေါင် မင်းကြီးကအေဒီ ၆ - ၇ ရာစုတွင် တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်ဖြစ်ပြီး ဉာဏ်တော် ၄၆.၆၃၄ မီတာ၊ လုံးပတ်တော်သ ည် ၆၄.၈ မီတာ ရှိကာ စေတီတော်၏ ပုံသဏ္ဌာန် ပစ္စယံငါးဆင့်ခံ၍ ၎င်းပစ္စယံပေါ်တွင် ထုလုံးရှည် (ဆလင်ဒါ) ပုံ အုတ်စေတီကို တည်ထားခြင်း ဖြစ်သည်။

image