လီဗာပူးနှင့် ချန်ပီယံလိဂ် ၁၆ သင်း ဒုတိယအကျော့ပွဲစဉ်အား ဂါလာတာစာရေးပရိသတ်များ ပိတ်ပင်ခံရ
====================
ဂါလာတာစာရေးပရိသတ်များဟာ ဂျူဗင်တပ်နှင့် ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်မှ အဖြစ်အပျက်ကြောင့် ယခုလနှောင်းပိုင်းတွင် လီဗာပူးအား အဝေးကွင်းသို့ သွားရောက် ကစားရမယ့်ပွဲအား ပွဲကြည့်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။
ဂါလာတာစာရေးပရိသတ်များဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တူရင်တွင် ကစားတဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့သလို မီးရှူးများ ပစ်လွှတ်ခဲ့ကြပါတယ်။
ဂါလာတာစာရေးဟာ တူရင်တွင် ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်းရလဒ် ၇-၅ ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ယခုအခါ ယူအီးအက်ဖ်အေက ဂါလာတာစာရေးပရိသတ်များအား မတ်လ ၁၈ ရက်နေ့ အန်ဖီးလ်သို့ သွားရောက် ကစားရမယ့်ပွဲစဉ်တွင် လက်မှတ်ဝယ်ယူခွင့် ပိတ်ပင်မှု ပြုလုပ်လာတဲ့အပြင် ယူရို ၄၀၀၀၀ လည်း ဒဏ်ရိုက်လာပါတယ်။
ဂါလာတာစာရေးက ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ကြေညာထားပါတယ်။