အဆီကျိတ်ကို (လုံးဝ) နိုင်နင်းတဲ့ သြဇာသီးခြောက်
သြဇာသီးခြောက်ကို တွေ့ရင် ခူးပြီး သိမ်းထားပါ။ အဆီကျိတ်ကို ပျောက်ကင်းစေတဲ့ သြဇာသီးခြောက်ဟာ ကျန်းမာရေးအတွက် အလွန်အသုံးဝင်ပါတယ်။
သြဇာသီးအခြောက်ကို တွေ့တဲ့အခါ ခူးဆွတ်သိမ်းဆည်းထားပါ။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီကျိတ်ကို ရေနဲ့ နေ့တိုင်းသွေးပြီး လိမ်းပေးပါ။ မာနေတဲ့ အဆီကျိတ်ဟာ တစ်နေ့ထက်တစ်နေ့ ပျော့ပျောင်းလာပါလိမ့်မယ်။
သြဇာသီးအခြောက်ကို သွေးလိမ်းနေတဲ့ ကာလအတွင်းမှာ အဆီတိုးစေမယ့် အစားအစာတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ နေ့စဉ်မပြတ် လိမ်းပေးမယ်ဆိုရင် အဆီကျိတ်ဟာ သေးငယ်သွားပြီး ပျောက်ကွယ်သွားပါလိမ့်မယ်။
ဘယ်နှစ်ရက် လိမ်းရမလဲဆိုတာကတော့ အဆီကျိတ် အကြီးအသေးပေါ်မူတည်ပြီး ကွာခြားနိုင်တဲ့အတွက် အတိအကျပြောဖို့ ခက်ခဲပါတယ်။ ဖြစ်ပွားကူးစက်လွယ်တဲ့ ပါးချိတ်ရောင်ရောဂါအတွက်လည်း ဆောင်ထားစေချင်ပါတယ်။ လက်တွေ့လိမ်းကြည့်ပါ... အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။
အမျိုးသမီးများ မီးယပ်လွန်၊ မီးယပ်ငုတ် ဖြစ်နေလျှင်
အမျိုးသမီးများ မီးယပ်လွန်တာ ဒါမှမဟုတ် မီးယပ်ငုတ်တာမျိုး ဖြစ်နေရင် မြန်မာ့သြဇာပင်ကနေ ကြွေမကျဘဲ အပင်ပေါ်မှာတင် ခြောက်နေတဲ့ သြဇာသီးခြောက်ကို ဆန်ဆေးရည်နဲ့ ကျောက်ပြင်မှာ အခါးရည် တစ်ပန်းကန်စာလောက် သွေးပြီး သောက်ပေးပါ။
ပျောက်ကင်းစေနိုင်သော ရောဂါများ
ရာသီငုတ်နေခြင်း (၂ လ/ ၃ လ)
ရာသီသွေးမပေါ်သော အမျိုးသမီးများ
ရာသီသွေး အဆင်းလွန်နေသော အမျိုးသမီးများလည်း သောက်ပေးခြင်းဖြင့် သွေးဆင်းတာတွေ ရပ်တန့်သွားပါလိမ့်မယ်။
မှတ်ချက် - သြဇာသီးရဲ့ အပေါ်ယံ အသားခြောက်ကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။ သြဇာစေ့ကိုတော့ အသုံးမပြုရပါ။

image