ပြင်ပစွက်ဖက်မှုကိုညီညွတ်စွာဆန့်ကျင်ကြရန်ပင်လယ်ကွေ့နိုင်ငံများကို တရုတ်တိုက်တွန်း
အီရန်နိုင်ငံအပေါ် အမေရိက-အစ္စရေးတိုက်ခိုက်မှုများသည် ဒေသတွင်း ပိုမိုကျယ်ပြန့်လာသော ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့ပြီးနောက် ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ပြင်ပဝင်ရောက်စွက်ဖက်မှုကို စည်းလုံးညီညွတ်စွာ ဆန့်ကျင်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက မတ်လ ၂ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။
ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ၎င်းတို့၏ အနာဂတ်နှင့် ကံကြမ္မာကို ၎င်းတို့လက်ထဲတွင်သာထားရှိရန်အတွက် အိမ်နီးချင်းချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်၍ စည်းလုံးညီညွတ်မှုကို ခိုင်မာစေမည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အိုမန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းပြောရာတွင် ပြောကြားခဲ့သည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။