2 ရက် - ဘာသာပြန်ပါ။

RC သုံးထပ်အဆောက်အဦးဖြစ်သည့် စာဆိုဗိမာန် စတင်ဖွင့်လှစ်

လူငယ်၊လူရွယ်များ တိုင်းချစ်၊ ပြည်ချစ်စိတ်ဓာတ်ထက်သန်စေရန် စာပေနှင့်ထိန်းကျောင်းလေ့ကျင့်ပေးရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောပြော

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ စာဆိုဗိမာန် အဆောက်အဦးအား ယနေ့ မတ် ၂ ရက်နံနက်ပိုင်းကစတင်ဖွင့်လှစ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီးတို့တက် ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က စာဆိုဗိမာန်အဆောက်အဦီကမ္ဗည်းမော်ကွန်းကျောက်တိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအထိမ်းအမှတ်ကံ့ကော်ပင်ကိုစိုက်ပျိုးကာ ပြည် ထောင်စုဝန်ကြီးများဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမောင်မောင်အုန်း၊ အိ န္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတို့မှလည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်မှ အဆောက်အဦအတွင်းပြသထားသည့် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အနုသုခုမလက်ရာများနှင့် မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှုအားပေးပြီး စာပေသည် နိုင်ငံ့ယဉ်ကျေးမှု၏ မျက်နှာ စာဖြစ်ကာ စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံသူ နိုင်ငံသားများ၏ နှလုံးရည်နှင့် ဉာဏ်ရည်များဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်၍ လူငယ်/လူရွယ်များ အသိဉာဏ်ပြည့်ဝစေရန်နှင့် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ထက် သန်စေရန် စာပေနှင့်ထိန်းကျောင်းလေ့ကျင့်ပေးရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့ ဖွင့်လှစ်ခဲ့သည့် စာဆိုဗိမာန်တွင် ခေတ်အဆက်ဆက် မြန်မာစာပေဖွံ့ဖြိုးတိုးတက်လာခဲ့သည့်အထောက်အထားများ၊ နိုင်ငံတော်မှချီးမြှင့်ခဲ့သည့် စာပေ ဆုအမျိုးအစားများနှင့် ဆုတံဆိပ်များ၊ ဆုရစာအုပ်များ၊ စာပေပညာရှင်ကြီးများ၏ မှတ်တမ်းများ၊ အနုပညာနယ်ပယ်များအလိုက် ပြခန်း၊ ပြကွက်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။

ထို့ပြင် စာပေဟောပြောပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်မည့်(Mini Theatre)ခန်းမငယ်ထည့်သွင်းထား၍ စာပေအနုပညာလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

image