2 ရက် - ဘာသာပြန်ပါ။

ACL ဒဏ်ရာကြောင့် ရိုဒရီဂို (၈) လ ဝန်းကျင် အနားယူရမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မယ်

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုဟာ ACL ဒဏ်ရာကြောင့် (၈) လ ဝန်းကျင် အနားယူရမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရမယ်လို့ သိရပါတယ်။

ရိုဒရီဂိုဟာ ဂီတာဖေးအသင်းကို (၀-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အဲဒီဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ရာသီလက်ကျန်ပွဲအားလုံးကို လွဲချော်ရတော့မှာပါ။

ရီးယဲလ်မက်ဒရစ်အသင်းက ရိုဒရီဂိုအနေနဲ့ ညာဘက်ဒူးအရွတ်စုတ်ပြဲတဲ့ ACL ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ရိုဒရီဂိုဟာ ကြွက်သားဒဏ်ရာကြောင့် တစ်လဝန်းကျင်အနားယူနေရာက ပြန်ကစားနိုင်တဲ့ပွဲမှာပဲ ACL ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ရိုဒရီဂိုက ဘဝရဲ့ အဆိုးရွားဆုံးနေ့ရက်တွေထဲက တစ်ရက်ဖြစ်ကြောင်းနဲ့ ဒီဒဏ်ရာနဲ့ ရင်ဆိုင်ရမှာကို အမြဲကြောက်ရွံ့နေခဲ့ကြောင်း Instagram မှာ ရေးသားခဲ့ပါတယ်။

image