2 ရက် - ဘာသာပြန်ပါ။

ဒေါ့မွန်ရဲ့ လုပ်ခတိုးမြှင့်ကာ စာချုပ်သစ်ကမ်းလှမ်းခြင်းခံထားရပေမယ့် ပရီးမီးယားလိဂ်သို့ ပြောင်းရေး စဉ်းစားနေတဲ့ ယူနိုက်တက်ပစ်မှတ်အဒီယီမီ
====================
ယူနိုက်တက်ပစ်မှတ် ကာရမ်အဒီယီမီဟာ ဒေါ့မွန်ဘက်က လုပ်ခတိုးမြှင့်ကာ စာချုပ်သစ်ကမ်းလှမ်းခြင်းခံထားရပေမယ့်လည်း ပရီးမီးယားလိဂ်သို့ ပြောင်းရေး အလေးအနက်ထား စဉ်းစားနေပါတယ်။

အသက် ၂၄ နှစ်ရှိ ဂျာမနီစတားဟာ လွန်ခဲ့တဲ့ သုံးရာသီတုန်းက ရက်ဘူးလ်ဆဲလ်ဘတ်မှ ပြောင်းလာခဲ့သူ ဖြစ်ပြီး ဒေါ့မွန်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကာ ယူနိုက်တက်အပါအဝင် ဥရောပတလွှား ကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။

တောင်ပံတိုက်စစ်သမားဟာ ကွင်းအတွင်း အပြုအမူများတွက် ဝေဖန်မှုများ ခံရပြီးနောက် ဒေါ့မွန်မှ ထွက်ခွာရေး စဉ်းစားလာတာပါ။

ဂျာမန်သတင်းစာ Bild က ဒေါ့မွန်မှာ ကလပ်ရဲ့ အနာဂတ်စီမံကိန်းတွင် အဒီယီမီအား အရေးပါတဲ့ အခန်းကဏ္ဍမှ ထည့်သွင်းထားကာ ရက်သတ္တပတ်အတန်ကြာ ကတည်းက လုပ်ခတိုးမြှင့်ပြီး စာချုပ်သစ်ကမ်းလှမ်းထားကြောင်း ဖော်ပြလာပါတယ်။

ဒါပေမယ့် အဒီယီမီဟာ လာမယ့်နွေရာသီတွင် ပရီးမီးယားလိဂ်ကလပ်များရဲ့ ကမ်းလှမ်းမှုအား စောင့်မျှော်နေမှုနှင့်အတူ ဒေါ့မွန်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုအား ဆိုင်းငံ့ထားပါတယ်။

တဖက်တွင် ဒေါ့မွန်ဟာ အဒီယီမီရဲ့ စာချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းနိုင်မယ့် အချက် ထည့်သွင်းချုပ်ဆိုထားခြင်း မရှိရာ ကစားသမားအား ထိန်းသိမ်းထားနိုင်ခွင့် ရှိနေပါတယ်။

ဒါပေမယ့် စာချုပ်မှာ တစ်နှစ်သက်တမ်းသာ ကျန်တော့ရာ ဒေါ့မွန်အနေဖြင့် စာချုပ်သစ်မချုပ်ဆိုပါက အဒီယီမီအား ဆက်ထိန်းထားလျှင် ၂၀၂၇ ခုနှစ်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်လာရပါမယ်။

အဒီယီမီဟာ ကွင်းပြင်ပတွင် စာချုပ်သစ်ကမ်းလှမ်းခြင်းခံထားရပေမယ့်လည်း ယခုနှစ်အတွင်းတွင် ၂ ဂိုးတည်းသာ သွင်းထားနိုင်ကာ ရုန်းကန်နေရပါတယ်။

သူဟာ မိုချင်ဂလက်ဘတ်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲရဲ့ ဒုတိယပိုင်းတွင် လူစားလဲလှယ်ခြင်းခံရပြီးနောက် ဒေါသတကြီး ဥမင်လှိုဏ်ခေါင်းသို့ ဝင်ရောက်သွားပြီးနောက် အပြင်းအထန် ဝေဖန်မှုများ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

image