7 ရက် - ဘာသာပြန်ပါ။

ယခုတစ်ကြိမ်တွင် Elland Road ဧရိယာအား ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်လျှင် ဘယ်တော့မှ ပြုလုပ်လာနိုင်မည်မဟုတ်ဟု လိဒ် သတိပေးလာ
==================

လိဒ်အသင်းဒါရိုက်တာပီတာလိုဝီက အာဏာပိုင်များအနေဖြင့် Elland Road ဧရိယာအား ပြန်လည်ထောင်ရေးအတွက် ထောက်ခံအားပေးမှု ပြုလုပ်ရန် တိုက်တွန်းသွားပြီး ယခုတစ်ကြိမ် မဖြစ်မြောက်လာပါက ဘယ်တော့မှ ဖြစ်မြောက်လာတော့မည်မဟုတ်ကြောင်း သတိပေးမှု ပြုလုပ်လာပါတယ်။

လိဒ်ဟာ ဇန်နဝါရီလတုန်းက Elland Road အား အဆင်မြှင့်တင်ရေးအတွက် လျှောက်ထားရာ ဇန်နဝါရီလတုန်းက လိဒ်စီးတီးကောင်စီရဲ့ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။

လိဒ်ဟာ Elland Road မှာ ပရိသတ် ၃၇၆၄၅ ဦး ဆန့်ပြီး ပရိသတ် ၅၃၀၀၀ ဦးအထိ ဆန့်အောင် တိုးချဲ့လာပါမယ်။

Westfield ကို တည်ထောင်တဲ့ ဩစတြေးလျဘီလျှံနာလိုဝီက Elland Road ကွင်းအား အဆင့်မြှင့်တင်မှု ရရှိမှုမှာ လိဒ်တောင်ပိုင်း ဧရိယာအား ပိုမိုကောင်းမွန်လာအောင် ပြုလုပ်နိုင်မယ့် တစ်သက်တွင် တစ်ကြိမ်သာ ရရှိမယ့် အခွင့်အရေး ဖြစ်ကြောင်း ပြောကြားလာပါတယ်။

အနောက်ပိုင်းယော့ခ်ရှိုင်းယားမြို့တော်ဝန်ထရေစီဘရာဘင်က ယင်းဒေသအတွက် အများပြည်သူများအတွက် ပို့ဆောင်ရေးစနစ်တစ်ခု တည်ဆောက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလမှာတော့ ယင်းအစီအစဉ်မှာ နှစ်ပေါင်းများစွာ ရွှေ့ဆိုင်းရမယ့် အခြေအနေနှင့် ကြုံလာရပါတယ်။

ယခုအခါ လိုဝီက ယင်းအစီအစဉ်မှာ တစ်သက်တွင် တစ်ကြိမ်သာ ရတဲ့အခွင့်အရေး ဖြစ်ပြီး ယခုမဖြစ်လာလျှင် နောင်တွင် ဖြစ်လာတော့မှာ မဟုတ်ကြောင်း အပြင်းအထန် သတိပေးလာပါတယ်။

၎င်းက "လိဒ်က ဒီအတွက် အသင့် ဖြစ်နေပါပြီ။ အခု ဒီတစ်ကြိမ် မဖြစ်လာဘူးဆိုရင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ အချိန်မီ လုပ်ဖို့ လိုတယ်။ ကျွန်တော့်လို လူတွေနဲ့ ကျွန်တော့်မှာ ရှိတဲ့ အရင်းအနီးတွေက ဆယ်နှစ်မစောင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အခြားနေရာမှာလည်း ရင်းနှီးမြှပ်နှံဖို့ ရွေးချယ်လာနိုင်လို့ပါ"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် လိုဝီဟာ လိဒ်ဧရိယာအား ပြန်လည်ထူထောင်ရေး အစီအစဉ်ကို အာဏာပိုင်ဘက်က မထောက်ခံလာပါကလည်း Elland Road အား အဆင့်မြှင့်တည်ဆောက်မှု ပြုလုပ်ရေးကို ဆက်လက် လုပ်ဆောင်သွားဦးမှာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်တုန်းက လိုဝီဟာ ဘဏ္ဍာရေးဝန်ကြီးရေချယ်ရိဗ်စ်နှင့် တွေ့ဆုံရတွင် လိဒ်ဘူတာမှ ဝှိုက်ရို့စ်အပါအဝင် Elland Road တွင် အဆုံးသတ်မယ့် လျှပ်စစ်မီးရထားစနစ် ပြေးဆွဲရေး မတည်ငွေပေးရေးဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

ရိဗ်စ်ဟာ လိဒ်အနောက်ပိုင်းနှင့် ပက်ဆေ(ယခင်တုန်းက လိဒ်အနောက်ပိုင်း)တို့ရဲ့ အမတ်ဖြစ်ပြီး ယခု ရင်းနှီးမြှပ်နှံမှုက ဒေသတွင်း ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ယူဆောင်လာမယ့်အပြင် ဒေသစီးပွားရေး တိုးတက်လာစေမယ့် စီမံကိန်းလို့လည်း ဆိုထားပါတယ်။

image