စျေးများအတွင်းမီးဘေးလုံခြုံရေးစစ်ဆေး၊ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြသ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့မစျေး၊ ဟံသာဝတီအခွန်လွတ်စျေးနှင့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ ဘုရင့်နောင်စျေးတို့တွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ ယနေ့ မတ် ၃ ရက်က စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မဈေး၌ မီးဘေးလုံခြုံ ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်/မြို့နယ်မီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့များပူးပေါင်း၍ ဈေးအတွင်းနှင့်အပြင်ရှိ လုံခြုံရေးမီးတပ်ဆင်ထားမှု၊ ဈေးဆိုင်ခန်းများတွင်သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်းတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှုရှိ/မရှိ၊ တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန်များ ရေပြည်နေမှု ရှိ/မရှိ၊ မီးသတ်ရေငုတ်များ၏ ရေထွက်မှုတို့ကိုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များနှင့် သက်ဆိုင်ရာအဖွဲအစည်းများပူးပေါင်း၍ ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ ဟံသာဝတီအခွန်လွတ်စျေး မီးဘေးလုံခြုံရေးနှင့် ကြို တင်ကာကွယ်ရေးအတွက် ဈေးအတွင်းနှင့်အပြင်ရှိ လုံ ခြုံရေးမီးတပ်ဆင်ဆောင်ရွက်ထားရှိမှုကိုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဈေးဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှုရှိ/မရှိ၊ တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန်များ ရေပြည့်နေမှု ရှိ/မရှိ၊ မီး သတ်ရေငုတ်များ၏ ရေထွက်မှုတို့ကိုလည်းစစ်ဆေးပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဘုရင့်နောင်ဈေး မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရန် တာချီလိတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ဈေးအတွင်း၌တပ်ဆင်ထားသည့် မီးဘေးလုံခြုံရေးပစ္စည်းများအားစစ် ဆေးပြီး မီးသတ်တပ်ဝင်များက မီးသတ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းကိုရှင်းလင်းပြောကြားပြီး ဂက်စ်အိုးမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် ဆီမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ရေယာဉ်၊ မီးသတ်စက်များဖြင့် ရေ ပက်ဖြန်းခြင်းတို့ကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

image