စဉ့်ကူးမြို့ပေါ်ရှိ 11KV ဓာတ်အားလိုင်းများပြုပြင်မှု (၆၀)ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်အား လျှပ်စစ်ဓာတ်အားအပြည့်အဝဖြန့်ဖြူးပေးနိုင်ရန် 11KV ဓာတ်အားလိုင်းများပြုပြင်မှုကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ မတ် ၂ ရက်၌ (၆၀)ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ဖေဖော်ဝါရီ ၂၁ ရက်တွင် 33/0.4 KV 315 KVA ထရန်စဖော်မာတစ်လုံးအား ယာယီတပ်ဆင်ခဲ့ပြီးနောက် ဌာနဆိုင်ရာ၊ ဆေးရုံနှင့် စာသင်ကျောင်းများကို ကနဦးဓာတ်အားပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်တွင်လည်း 33/11 KV 10 MVA ကွက်သစ်-၂ ပင်မဓာတ်အားခွဲရုံကိုပြုပြင်၍ စဉ့်ကူးမြို့နှင့်ပတ်၀န်းကျင်ကျေးရွာများအား လျှပ်စစ် ဓာတ်အားဖြန့်ဖြူးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မတ် ၂ ရက်အထိ စဉ့်ကူးမြို့ပေါ်ရှိ 11KV ဓာတ်အားလိုင်းများပြုပြင်ခြင်းလုပ်ငန်း (၆၀)ရာခိုင် နှုန်းခန့်ပြီးစီးပြီဖြစ်၍ မကြာမှီအတွင်း ဓာတ်အားသုံးစွဲသူများထံ လျှပ်စစ်ဓာတ်အားအပြည့်အဝဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။