3 ရက် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံ ငလျင်လှုပ်ခတ်မှုအတွင်း ‌ေ-သဆုံးခဲ့သည့် မြန်မာလုပ်သား(၂၇)ဦးအား ဘတ်တစ်သန်းစီ ထောက်ပံ့ပေးအပ်

ထိုင်းနိုင်ငံ ငလျင်လှုပ်ခတ်မှုအတွင်း အဆောက်အဦးပြိုကျရာမှ ‌ေ-သဆုံးခဲ့သည့် မြန်မာလုပ်သား(၂၇)ဦးအား ဘတ်(၁) သန်းစီ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒ-ဏ်ရာရရှိသူ (၇)ဦး အတွက်လည်း တစ်ဦးလျှင် ဘတ် (၂)သိန်းစီ ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြီးးခဲ့သည့်နှစ် မတ်လ (၃) ရက်က လှုတ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Chatuchak နယ်မြေ၌ ဆောက်လုပ်ဆဲ အစိုးရစာရင်းစစ်ရုံးအဆောက်အဦး ပြိုကျပျ-က်စီးမှုဖြစ်စဉ်အတွင်း ‌ေ-သဆုံးခဲ့သူများ၏ မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ငွေပေးအပ်ပွဲ ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်ဟု နိုင်ငံခြား‌ရေးဝန်ကြီးဌာနထံက သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်း အနားကို ယမန် နေ့ မတ်လ (၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ထနဖုန်းခုန်းကျန်း၊ ထိုင်းနိုင်ငံ၊ တရားရေးဝန် ကြီးဌာန၊ အခွင့်အရေးနှင့် လွတ်လပ်ခွင့် ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ထိုင်းရှေ့နေများကောင်စီ ကော်မတီအဖွဲ့ဝင်များ၊ အဆောက်အဦး တည်ဆောက်မှုအားတာဝန်ယူခဲ့သည့် ITD-CRECဖက်စပ်လုပ်ငန်းစု (Italian-Thai Development PLC -ITD and China Rai lway No. 10 Engineering Group Co., Ltd. -CREC Joint Venture)တာဝန်ရှိသူများနှင့် ဖြစ် စဉ်အတွင်း သေဆုံးခဲ့သူ များ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ငလျင်ကြောင့် အဆောက်အဦးပြိုကျမှု ဖြစ်စဉ်အတွင်း ထိခို-က်ဒ-ဏ်ရာရသူများနှင့် ‌ေ-သဆုံးသူများအား နစ်နာကြေးပေးအပ်ရန် ထိုင်းရှေ့နေများကောင်စီ၏ သဘောတူညီချက်ဖြင့် ကော်မတီတစ်ရပ်ထူထောင်ခဲ့ကာ၊ ယင်းကော်မတီ၏ စိစစ်အတည်ပြုချက်အရ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ နစ်နာကြေးရရှိနိုင်ရန် ဗန်ကောက်မြို့၊ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးတို့က သက်ဆိုင်ရာကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး၊ လက်ရှိအချိန်အထိ (၄)ကြိမ်စိစစ်မှုအတွင်း ‌ေ-သဆုံးသူ မြန်မာအလုပ်သမား (၂၇)ဦးနှင့် ဒ-ဏ်ရာရသူ (၇) ဦး၊ စုစုပေါင်း (၃၄)ဦးတို့အတွက် ‌ေ-သဆုံးသူတစ်ဦးလျှင် ဘတ် (၁) သန်းစီနှင့် ဒ-ဏ်ရာရသူ တစ်ဦးလျှင်ဘတ် (၂) သိန်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေ ဘတ် (၂၈) သန်း (၄) သိန်း ပေးအပ်ထားပြီးဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။

image